နဲနဲကြာသွားပါတယ်ရှင်
ယမုံ relationship ကိစ္စလေးတွေနဲ့ စိတ်ရှုပ်နေလို့ပါ
Comment လေးတွေလဲလိုချင်ပါတယ်နော်
အစအဆုံးကို ဆက်လက်ကြိုးစား ဘာသာပြန်ပေးဖို့ အားလေးတွေလိုချင်လို့ပါ
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် 🥰
----------------------------------------------------
ပုဂံတပ်မှူးမှ ခိုးသားနှစ်ဦးအား ဆေးခါးနှင့်ရောယှက်သော ပုန်းရည်သောက်ရန် ပေးသော်လည်း စောလုံအားမူ ယောက်ျားများနှင့်မတူဘဲ သူမအား လက်ဝါးကပ်တိုင် ပေါ် တွင် နာကျင်မှုဝေဒနာကို အပြည့်အဝခံစားစေလိုသဖြင့် ပုန်းရည်သောက်ခွင့်မပေးပဲထားလေသည်။
ပထမဦးစွာ သူခိုးနှစ်ယောက်ကို လက်ဝါးကပ်တိုင်မှာ လက်နှင့် ခြေတို့ကို ကြိုးများဖြင့် တုပ်နှောင်ကာ ကားစင်တင် တွဲလောင်း ဆွဲထားလေသည်။ စောလုံသည် ပုဂံတပ်သားတို့ ခိုးသားနှစ်ဦးအား ရက်စက် ကြမ်းတမ်းစွာပြုမူသည်ကိုကြည့် ၍ ညှိုးငယ်သောမျက်နှာနှင့် သူမအလှည့်ကို ကြောက်ရွှံ့ထိတ်လန့်စွာ စောင့်နေခဲ့ရလေ သည်။
ခိုးသားနှစ်ယောက်ကို ကားစင်တင်ခြင်း ပြီးမြောက်သည်နှင့် တပြိုင်နက် ပုဂံစစ်သားများသည် စောလုံအား ဆံပင်မှဆွဲကာ မြေပေါ်သို့ဆွဲလှဲလိုက်ကြလေ၏။ စစ်သားနှစ်ဦးက သူမ၏လက် များကို ကိုင်ချုပ်ကာ သူမ၏လက်ကောက်ဝတ်များကို သစ်သားကားတန်း ပေါ်တွင် တင်ထားလိုက်ကြသည်။ ခိုးမှုများကိုသာ ကျုးလွန်ခဲ့သော ခိုးသားယောက်ျားနှစ်ယောက်အတွက် မှာ ကြိုးများဖြင့်သာ တုပ် နှောင် ကားစင်တင်ခြင်း ခံကြရသော်လည်း ပုန်ကန်သူ ရာဇ၀တ်ကောင် စောလုံမှာမူ လူအမြောက်အများ သေကြေစေခဲ့သော ဆူပူအုံကြွမှုကို ကျူးလွန်ခဲ့သောသူ ဖြစ်သဖြင့် လက် နှင့်ခြေ တို့ကို သံမှိုရိုက်သွင်းကာ အပြစ်ပေး စီရင်ခံရမည် ဖြစ်လေသည်။ သူမကို လက်ဝါးကပ်တိုင်မှာ သံမှိုကြီးများရိုက်သွင်းကာ ချိတ်ဆွဲခံရမယ်ဆိုတာ သိလိုက်တဲ့အခါ စောလုံဟာ ပိုမို ထိတ်လန့် ကြောက်ရွှံ့ကာအစွမ်းရှိသမျှ အားကုန်ရုန်းကာ လွတ်မြောက်ရန် အားထုတ်ရှာလေသည် ။ သူမကိုယ်တိုင် မြို့စားတဦး ဖြစ်ခဲ့သောကြောင့် စောလုံသည် ရာဇ၀တ်သားများကို အကြိမ်ပေါင်းများစွာ နှစ်နည်းစလုံးဖြင့် အပြစ်ပေးရန် စီရင်ချက်ချခဲ့ဖူးသလို
လက်ဝါးကပ်တိုင်ပေါ်တွင် သံမှိုစွဲကာ သူမ၏ အမိန့် ဖြင့်ရိုက်သတ်ခံခဲ့ရရှာသော ရာဇ၀တ်သားများ၏ အရှက်တကွဲ အကျိုးနဲဖြင့် ပြင်းထန်သော ဝေဒနာကို ခံစားရင်း ဆိုးရွားစွာ မလှမပဇာတ်သိမ်းရခြင်း ကို အကြိမ်ကြိမ် ကိုယ်တိုင်လည်းမြင်တွေ့ခဲ့ဖူးသောကြောင့် ယခုမိမိ အလှည့် ထိုအဖြစ်မျိုး တဖန်ပြန်ခံရတော့မည်ကို သိရှိလေလျှင် ဆောက်တည်ရာမဲ့နေလေတော့သည်။
KAMU SEDANG MEMBACA
The Last Day of Saw Lone - စောလုံ၏ နောက်ဆုံးနေ့
Fiksi SejarahThe Last Day of Saw Lone - စောလုံ၏ နောက်ဆုံးနေ့ A tragic story about Duchess of Beikthano who fought against Ancient Burmese Pagan Emperor that men didn't dare. This is the adaptation of English Version Crux Story in Burmese. ရှေးမြန်မာပုဂံဧကရာဇ်က...