Part 1

12 1 0
                                    

Lili mum'' သမီးရေ ဆင်းခဲ့ပါဦး Ommaကို ကူလုပ်ပေးပါဦး''
Lili'' Omma ခနလေး ကိုကိုနှိုးနေတယ ခုထိမထသေးဘူး''
Lil mum'' အေးအေး ဒီကောင်လေးနဲ့တော့ နှိုးလိုက်သမီး''

Lilမှာ အကိုရယ် အမေရယ် အဖေရယ် မိသားစုလေးရှိတယ် Liliတို့က သိပ်ပိုက်ဆံမရှိပေမယ့် ကောင်းကောင်းစားနိုင် ကောင်းကောင်းနေနိုင်သည်။
Liliရဲ့ အကိုက ကုမ္ပဏီတစ်ခုမှာ မန်နေဂျာရာထူးရထားသည်။ အဲ့ကုမ္ပဏီကလဲ Liliအဖေရဲ့ အချစ်ဆုံးသူငယ်ချင်းကြီးကုမ္ပဏီပေါ့.. Liliက ကျောင်းဆရာမလေးတစ်ခုပါ ဂိုက်လဲသင်သည်။ Liliရဲ့ အကိုနာမည်က Yoongiပင်။

Lili'' ကိုကို ထတော့လို့ မနက်မိုးလင်းနေပြီ''
ကိုယ် Yoongiပေါ်က စောင်ကိုဆွဲချွတ်ပြီး လှုပ်နှိုးသည်။ Yoongiက အအိပ်မက်သည်။ ဒီနေ့က သူအလုက်နားလို့ အရမ်းအိပ်နေသည်။ ဆင်အော်ရင်တောင် နိုးမယ့်ပုံမပေါ်

Lili'' ကိုကိုလို့ ဒုက္ခပါပဲ ဒါနဲ့ ငါ နောက်ကျတော့မယ် ကိုကိုလို့!''
စိတ်မရှည်တော့ ခြေထောက်နဲ့ ဆောင့်ကန်လိုက်ခြင်းပင်။

Yoongi'' 'အ' သေပြီ သေပါပြီ''
Lili'' သေလိုက် ဒီလောက်နှိုးနေတာ အော်မကြားခေါ်မကြား''
Yoongi'' နင်ရိုးရိုးခေါ်လဲ ရပါတယ်ဟ''
Lili''မရလို့ပေါ့ ကိုကိုရ''
Yoongiက ထထိုင်ပြီး မျက်စိမဖွင့်တဖွင့်ဖြင့်
Yoongi'' ဟဲ့ ဘယ်နာရီလဲ''
Lili'' 8:00''
Yoongi'' OMG! ငါ ဟိုကောင်တွေနဲ့ ချိန်းထားတာ သေရော ''
Lili'' ဒါဆို မြန်မြန်လုပ်လေ''
Yoongi'' အေးပါကွာ''
သူက အိပ်ယာပေါ်က မြန်မြန်ထပြီး ရေချိုးခန်းထဲဝင်သွားသည် ကိုယ်လဲ အောက်ကိုဆင်းပြီး မေမေ့ကို ကူလုပ်ပေးသည်။
မနက်စာစားပြီး သွားမို့ရှိသေး အပေါ်ကနေ ဟိုအရူးက လှမ်းအော်သည်။
Yoongi'' အငယ်မ ငါ့သွားတိုက်တံ ဘယ်နားထားလိုက်တာလဲ''
Lili'' အောက်မှာ ကိုကိုရေ လာရှာလိုက်တော့''
Yoongi'' အေး အောက်က ရေချိုးခန်းလား''
Lili'' ဟုတ်ပါတယ်ဆို''
ကိုယ်လဲ မေမေ့ကို နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။ ဖေဖေက အိပ်နေတုန်းပင် ပင်ပန်းလို့တဲ့။
ကျောင်းဝန်းလေး ရောက်တော့ ကျောင်းလေးမှာ ကျောင်းသား ကျောင်းသူတွေ သူ့အလုပ်လေးတွေ သူလုပ်နေကြသည်။ ကိုယ်လာတော့ ဝိုင်းနှုတ်ဆက်ကြသည်။ ဒီကလေးတွေက သိပ်လိမ်မာသည်။ ထိုအချိန်
Ara'' ဟဲ့ နင် လာပြီလား''
ကိုယ်အရှေ့ကနေ ဝါးကနဲ ပေါ်လာသော ကိုယ့်ရဲ့ ငယ်သူငယ်ချင်းကြီးAra
Lili'' အမလေး လန့်လိုက်တာ ကမရယ်''
Ara'' အမလေး ဘာတွေစဥ်းစားနေလို့လဲ ပြောပါဦး''
Lili'' ဒီအတိုင်း ကလေးတွေကိစ္စပါ ဒီလစာမေးပွဲဖြေမယ်လို့ အသံကြားလို့''
Ara'' အေး လပြောင်းသွားပြီထင်တယ် နောက်လတဲ့''
Lili'' ဟုတ်လား ဒါတော့ ကောင်းတာပေါ့''
ကိုယ်တို့သူငယ်ချင်းနှစ်ယောက် လက်ချိတ်ပြီး စကားပြောပြီး ရုံးခန်းထဲဝင်သွားသည်။

A Bad Boy's LoveWhere stories live. Discover now