ကချင်ပြည်နယ် အတွင်းမှာ ဆယ်ဇင်းကျေးရွာ ဆိုတဲ့ ရွာလေးက အလွန်ကို အေးချမ်းတဲ့ရွာလေး တစ်ရွာပါ
မိုးဖွဲဖွဲလေး ကျနေပြီး ကျောင်းသူ/သား တွေက မနက် ကျောင်းသွားရန် ပြင်ဆင်ကြလေ့ရှိတယ် ကျောင်းသူ/သား အများစုက ကျောင်းသွားရမည်ကို မနှစ်သက်ကြ ဘာကြောင့်ဆို မိုးဖွဲဖွဲကျနေသည် ဆိုသော်လည်း အလွန်ပင်အေးတဲ့ နေရာ တစ်ခုပင် ထို့ကြောင့် ကျောင်းသူ/သား အများစုမှာ မနက်စောစောမထ ချင်ကြ။ ကျောင်းဆရာ/ဆရာမ များကိုလဲ ကျောင်းဝန်းထဲတွင် ကျောင်းဆောင်များဆောက်ပေးထားပြီး အပြောင်းကျသော ကျောင်း ဆရာ/ဆရာမ များအား ထို အဆောင်တွင် နေခိုင်းလေ့ရှိသည်။ထိုနေ့မှ ကျောင်းစ တတ်ရမည့်ရက် ဖြစ် ၍ ကျောင်းသူ/သားများ စောစောထကာ ပြင်ဆင်ကြလေသည်။"ဟေဇယ်မောင်ရေ သမီးရေ..."
"ဗျာမာမီ"
"ရော့ မုန့်ဖိုး"
"မာမီကလဲ မနေ့က အဖွားပေးထားတဲ့မုန့်ဖိုးတွေရှိသေးတယ်"
"ယူထားလိုက်ပါ ရော့"
"ဟုတ် အဲ့ဆို သွားတော့မယ်မာမီ ကျောင်းနောက်ကျတော့မှာမို့"
"ဟုတ်ပြီကွယ်"
ဟေဇယ်မောင်ဟာ သူ့မာမီအားနှုတ်ဆက်ခါ ထွက်ခွာလာခဲ့သည်
ဟေဇယ်မောင်က လုံးဝ မိန်းကလေးမဆန်တဲ့ သူတစ်ယောက်ပါ ထိုနေ့က သူ့ရဲ့ ၆တန်း စ တတ်ရမည့် နေ့ဖြစ်သည်
ကျောင်းပေါက်ဝတွင် ဆရာမ များက စောင့်ကာ ကျောင်းသူ/သား များအားအတန်းထဲ ဝင်စေသည်။ထိုနေ့တွင် ဟေဇယ်မောင်သည် ဆရာမ တစ်ယောက်နှင့် တိုက်မိသွားသည်
"အား..!"
"ဆ..ဆရာ..ဆရာမ ဘာဖြစ်သွားသေးလဲဗျ"
"ရတယ် ရတယ် ကလေး ဘာမှမဖြစ်ဘူး"
"ဟုတ် တောင်းပန်ပါတယ်ဗျ"
"ရပါတယ်ကွယ် အတန်းထဲ ဝင်တော့"
"ဟုတ်ဗျ"
ထိုသိုဝင်တိုက်မိသူမှာ တစ်ခြားသူမဟုတ် ဒီနှစ်မှ အသစ်ပြောင်းလာသည့် ကျောင်းဆရာမ တစ်ဦးပင် ထိုအမျိုးသမီး နာမည်က ခက်စိမ်းဝေ ဖြစ်သည်။