Chapter 3

541 74 12
                                    

Wonwoo ကျောင်းကိုရောက်တော့ အတန်းမစသေးတာနဲ့ သူငယ်ချင်းတွေကို အရင်စောင့်နေလိုက်တော့တယ် ခဏနေတော့ Jeonghanရောက်လာပြီး

"စောစောရောက်နေတာလား"

"အင်း ဟုတ်တယ် ‌‌အိပ်ယာစောစောထဖြစ်တာကြောင့်"

"WoW~ Jeon Wonwooလိုလူက အိပ်ယာစောစောထတယ်တဲ့လား မဖြစ်နိုင်လိုက်တာ"

"ဒါနဲ့ Soonyoungရော သူမလာသေးဘူးလား"

"Jihoonနဲ့တူတူလာခဲ့မယ်တဲ့ ဟိုမှာ ပြောရင်းဆိုရင်း နှစ်ယောက်သားရောက်လာပြီ"

Soonyoungရော Jihoonပါရောက်လာကြပြီး

"Yo!  ဒီနေ့အကုန်လုံးစောစောရောက်နေပါလား"

"ငါတို့ရဲ့ Wonwooလေးက အိပ်ယာစောစောထဖြစ်တယ်ဆိုလို့လေ အချစ်ကိုစတွေ့သွားတည်းက သူချက်ချင်းပြောင်းလဲသွားတာ"

Jeonghanကစနောက်ကာပြောလိုက်တော့ Jihoonကအံ့ဩစွာဖြင့်

"ဟမ် ငါကျောင်းလေးတစ်ရက်ပဲမတက်ဖြစ်တာပါ ခုတော့ Wonwooကအချစ်ရှာတွေ့သွားပြီတဲ့လား"

"မဟုတ်ပါဘူးဆိုနေ ငါကဒီအတိုင်း"

"ဒီအတိုင်း ဘာဖြစ်လဲ"

"ဘာမှမဟုတ်တော့ဘူး"

"ဒါနဲ့ ငါတို့မနက်ဖြန်ကျောင်းပိတ်ရက်ဆိုတော့ Clubသွားကြမလား ငါတို့လူစုံတက်စုံ မသွားဖြစ်ကြတာလည်းကြာပြီဆိုတော့"

"Okလေ သွားကြတာပေါ့"

Soonyoungရဲ့စကားကို အကုန်လုံးကပါထောက်ခံလိုက်ပြီး

"Wonwooမင်းအရင်လိုပဲ ခိုးထွက်လာမှာမလား"

"No ငါ့အစ်ကိုက အလုပ်ကိစ္စနဲ့ ခရီးသွားတယ် အဲ့တော့ အေးဆေး"

"ငါရဲ့Cheolလေးက အလုပ်ကိစ္စခရီးသွားတာလား ငါ့တောင်မပြောသွားဘူး"

Jeonghanဆူပုတ်ပုတ်ဖြင့်ပြောလိုက်တော့

"ငါ့အစ်ကိုက မင်းကိုဘာလို့သူခရီးသွားတာပြောရမှာလဲ"

"ဒီအတိုင်းသိချင်လို့ပေါ့ဟ  ဒါနဲ့အိမ်မှာမင်းတစ်ယောက်တည်းဆိုတော့ အဆင်ပြေလား ငါတို့လာအိပ်ပေးရမလား"

"ရတယ် ပြီးတော့ အိမ်မှာကငါတစ်ယောက်တည်းမဟုတ်ဘူး"

"ဟမ် မင်းတစ်ယောက်တည်းမဟုတ်တော့ အိမ်မှာဘယ်သူထပ်ရှိ‌နေသေးလို့လဲ"

The Man I LoveWhere stories live. Discover now