part_9

462 66 8
                                    


အပိုင်း-၉

.....

ဘိလိယက်ခုံမှာ တခဲနက်အာရုံစိုက်နေတဲ့ ဗာနွန့်ကို ရှူအာက စောင့်ကြည့်နေသည်။ မကြာလိုက်ပါ အီဆော့မင်ရောက်လာပြီးတော့ ဗာနွန့်ကို ခပ်စိမ်းစိမ်းကြည့်၏။ ရှူအာက နှစ်ဦးလုံးကိုအကဲခတ်နေတာမို့ ဘာမှ၀င်မပြောသေးချိန် ဆော့မင်က ‌ဗာနွန်တောက်နေသော ဘိလိယက်ခုံပေါ် သူ့ဖုန်းကို ချပြလိုက်သည်။

"ဟျောင်း မင်းကို တစ်ခါမှ စိတ်မဆိုးဖူဘူးဗာနွန် ဒါပေမယ့် ဒါကိုကြည့်လိုက်...."

ဆော့မင်ပြောတော့ ဗာနွန်က ထိုဖုန်းမျက်နှာပြင်ကိုစိုက်ကြည့်လိုက်ရာ မျက်၀န်းကပုံမှန်ထက်ပြူးကျယ်လာပြီးနောက်...

"ဒါကဘာကိုပြောတာလဲ ...."

"........."

"ဟျောင်း!...ဒါကဘာလဲလို့"

"ဆွန်းဂွမ်နီး မရှိတော့ဘူး...."

"ဘယ်လို...."

"သူ့အိမ်မှာလည်းမရှိဘူး အခန်းပြန်အပ်သွားတာ သုံးရက်ရှိပြီတဲ့...။ မင်းတကယ် ဆွန်းဂွမ်နီးကိုလက်လွှတ်လိုက်တော့မှာလား..."

သူ့အမေးကို ဗာနွန်မဖြေနိုင်၊ ဘောင်းဘီအိတ်ကပ်ထဲကဖုန်းထုတ်ကာ ဆွန်းဂွမ်ဆီကိုသာ အလောတကြီးခေါ်လိုက်မိ၏။ သို့သော် ဖုန်းလေးဟာ ပြန်ဖြေသူမရှိခဲ့။

"ဟျောင်း....ကျွန်တော်....."

"ဗာနွန်...။ ယောက်ျားချင်းချစ်ကြိုက်ကြတာကို ပုံမှန်လို့ ဟျောင်း နားမလည်နိုင်သေးဘူး။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက်အနေနဲ့ဆိုရင်တောင် ဗာနွန်အရမ်းမှားတယ်...ဆွန်းဂွမ်နီးကို ပြန်ရှာခဲ့မယ်မလား..."

ဆော့မင်စကားဆုံးတော့ ဗာနွန် ထိန်းထားတဲ့မျက်ရည်ကို လူမမြင်အောင် မော့ဖွက်လိုက်ပြီး ရှူအာ့ဘက်လှည့်ကြည့်လိုက်သည်။ ထိုအခါမှရှူအာက သူ့အနားရောက်လာပြီးနောက်...

"အပြစ်ရှိတိုင်း စွန့်လွှတ်မယ်ဆို အချစ်လို့မခေါ်ဘူး ဗာနွန်၊ စွန့်လွှတ်မယ့်အစား ခွင့်လွှတ်ဖို့သင်ရမှာ..."

"ဟင့်အင်း...ကျွန်တော်သူ့ကို အပြစ်မမြင်ခဲ့ဖူးဘူးဟျောင်း...။ သူ့ကိုယ်သူချစ်တတ်ဖို့ပဲ ကျွန်တော် အတ္တကြီးမိတာ..."

သူ့မျက်၀န်းနဲ့ချည်နှောင်သည်(Complete)Where stories live. Discover now