"ရှောင်းကျန့်....ရှောင်းကျန့်...!!!...ထပါအုံးဟ...!!!"ဝမ်နင်ရဲ့အော်သံကြောင့်အိမ်မက်မှလန့်နိုးလာရသည်...
"ဝမ်နင်...."
မောဟိုက်သံစွက်နေတဲ့ရှောင်းကျန့်အသံကတိုးတိုးလေး....
"ရှောင်းကျန့်....ရေသောက်လိုက်အုံး....ရော့...."
ဝမ်နင်ပေးတဲ့ရေခွက်အား ကုန်သည်အထိမော့သောက်လိုက်မိသည်..
"ရှောင်းကျန့်.....အိမ်မက်မက်ပြန်ပြီမလား...."
"အင်း..."
"မင်းသားဝမ်နဲ့သက်ဆိုင်နေလား..."
"ထင်တာပဲ....ရှင်းရှင်းလင်းလင်းမသိရဘူး...ရွှေရောင်ယတ်တောင်ကိုင်ထားတဲ့မိန်းကလေး
က မင်းသားဝမ်ရဲ့ခွက်ထဲမှာဒဏ်ရာတွေကို
ကိုက်ခဲစေတဲ့အဆိပ်ခပ်လိုက်တာ....""မိန်းကလေး....မင်းသားဝမ်ကိုခစားတဲ့သူတွေထဲမှာ
အထိန်တော်ကြီးပဲ မိန်းကလေးရှိတာပါ...""ငါမသိဘူး...ဝမ်နင်... မနက်ဖြန်ကျရင်မင်းသားဝမ်ရဲ့အခြေအနေကိုစောင့်ကြည့်ပေးပါ..."
"အွန်း...ငါကြည့်ပေးမယ်....အိမ်မက်သာသာပါပဲ
ငါတို့စောင့်ရှောက်ပေးရတဲ့လူအတွက် ပုံမှန်မက်တာပါ...တစ်ကယ်ဖြစ်မလားဆိုတာ မသိဘူးလေ... တစ်အားတွေးမနေနဲ့...မင်းအဖျားရှိသေးလို့လည်းဖြစ်မှာပါ...."မင်းသားဝမ်နဲ့ရေထဲစိမ်တာကြာသွား၍ဆေးသောက်ထားတာတောင် အဖျားကရှိနေတုန်း...
ရှောင်းကျန့်က ငယ်ငယ်ထဲက အအေးဒဏ်မခံနိုင်တဲ့သူလေ...
"ဝမ်နင်...ငါအိမ်မက်မက်တာကရှားသလို ငါမက်တဲ့အိမ်မက်က အမှန်ဖြစ်တယ်ဆိုတာမင်းသိပါတယ်..."
ဟုတ်သည်....ရှောင်းကျန့်အိမ်မက်က အမြဲမှန်တက်တဲ့အထဲမှာပါသည်....
"အင်းပါ....ပြန်အိပ်အုံး...အစောကြီးရှိသေးတယ်..."
"အွန်း"
အိမ်မက်တွေမက်ခြင်းကို ရှောင်းကျန့် ကြောက်ပါသည်...
**************************************
ပင်လယ်ပြင်ရဲ့ရနံ့တွေ၊အနောက်တိုင်းလူမျိုးတွေရဲ့ရနံ့တွေကိုခံယူခဲ့ရတဲ့၃လတာပြီးနောက်မှာ ဝမ်တိုင်းပြည်ဆီပြန်ရောက်တဲ့နေ့....
YOU ARE READING
Prince Wang's Amulet
Romanceဆုရဲ့ဒုတိယမြောက် Yizhan Fic လေးပါရှင့် စာဖတ်သူလေးတစ်ယောက်က နန်းတွင်းFicလေးဖတ်ချင်တယ်ဆိုပြီးပြောလို့ ရေးလက်စficရှိနေတာတောင် ရေးချင်လွန်းလို့ စရေးပါတော့မယ်ရှင့် လိုက်ပါစီးမျောပေးကြပါအုံးရှင့်