__
မနက်၆နာရီကျော်ခန့်ဖြစ်သော်လည်း လမ်းမပေါ်တွင်ဟိုသည် ဖြတ်သန်းသွားလာကူးလူးနေသောကားများ ၊ ဆိုင်ကယ်များ ၊စက်ဘီးများ နှင့်လူအများဟာ အာရုံကိုယ်စီဖြင့် နေ့ဓဒူဝလုပ်ငန်းစဉ်များကိုလုပ်ဆောင်နေကြသည်။
စောစောထကာ အိမ်အတွက်လိုအပ်တာများဝယ်ရန်ထွက်လာသော မင်ယွန်းဂီသည် အိမ်နားရှိmarketတစ်ခုသို့ခြေလှမ်းများဦးတည်နေသည် ။ယနေ့မနက်တော့ အိပ်ရေးဝနေတာကြောင့် ခါတိုင်းထက် စိတ်ကြည်လင်နေလေသည်။မွေးရပ်မြေကလေးတွင်ရှိသော အမေ့ရဲ့အိမ်လေးသို့တစ်နှစ်တခါသူအလည်လာလေ့ရှိသည်။
Market အတွင်းရောက်တော့ အသီးအရွက်နှင့် သားငါးများရောင်းချရာနေရာသို့ အရင်သွားလိုက်ပြီး လိုအပ်သည်များဝယ်ယူနေစဉ် နောက်ကျောဘက်မှ
အထိအေတွ့ကြောင့် လန့်သွားမိသည်။" အန်ကယ်လေး "
ယွန်းဂီလှည့်ကြည့်လိုက်တော့ သူနှင့်အရပ်မတိမ်းမယိမ်းသာကွာသည့် အပြုံးချိုချိုကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။
"ဟင် အဲ ထယ်ယောင်းလား "
" ပြန်ရောက်နေတာတောင်မသိပါလား ကျွန်တော်တို့အန်ကယ်ေလးများနေနိုင်တယ်နော် "
"ဟာ မဟုတ်ရပါဘူး တနေ့ကမှရောက်တာပါဗျာ
ကင်မ်ဟယ် တို့အိမ်ကိုလာမလို့ပါပဲ မကြုံသေးတာနဲ့မရောက်ဖြစ်တာ ""ဟုတ်ပါပြီလေ ယုံရမှာပဲ မတွေ့ရတာလည်းကြာပြီဆိုတော့ဝယ်စရာရှိတာဝယ်ပြီးရင် မုန့်သွားစားရအောင် "
မိနစ်အနည်းငယ်ကြာ ထယ်ယောင်းနှင့် ယွန်းဂီလိုအပ်သည့်စားစရာများကို ဝယ်ယူပြီး ထယ်ယောင်းဦးဆောင်ခေါ်သွားသည့် mallအပေါ်ထပ်ရှိဆိုင်တစ်ဆိုင်သို့ရောက်သွားကြသည်။
ရွှေဝါရောင်မီးသီးလေးများနှင့် ဆိုင်ခန်းအပြင်အဆင်မှာ နွေးထွေးသည့်vibeရကာချစ်စရာကောင်းသည်မို့ ယွန်းဂီသဘောကျမိသည်။
နှစ်ယောက်သား စားလိုသည်များကိုမှာလိုက်ပြီးနောက်
ယွန်းဂီကစကားစလိုက်သည်။" အမေရောနေကောင်းလား "
" eomma ကတော့ခါတိုင်းလိုပဲချူချာတယ်ဗျာ ခုတလောထူထူထောင်ထောင်ရှိလာလို့တော်ပါသေးရဲ့ "