BWL part 2

24 1 0
                                    

"သားရေ မရင်သူရဲ့တူလေး‌ရောက်နေပြီတဲ့။ကောင်လေးက 8တန်းတက်ရမှာတဲ့ သားရဲ့။သားက ခုနှစ် 8တန်းသင်ရမှာမလား"

"ဟုတ်တယ် မေမေ ဘာလို့လဲ"

"မရင်သူရဲ့တူလေးကို ခုကျောင်းမဖွင့်ခင်လေး စာလေးတွေကြိုသင်ပေးလိုက်ပါ့သား။ကလေးက ထက်မြက်မဲ့ပုံလေးပဲ"

"အင်း ဟုတ်ပါပြီ မေမေ"

သူလည်းအလုပ်မရှိသည်မို့ စာသင်ပေးမည်ဟုပင်ဆုံးဖြတ်လိုက်သည်။ကောင်လေးမှာ မနေ့ကမှရောက်သည်ထင်။ခုနေ့နေ့လည်အထိမတွေ့ရသေးပေ။စာသင်ဖို့ရာ မနက်ဖြန် မနက်8နာရီလာခဲ့ရန်ခေါ်ထားသည်။လာ‌သည်မလာသည်ကတော့ သူ့အပိုင်းပင်။သူတွေးနေစဉ်ပင် ဖုန်းဝင်လာသည်။ထင်သစ်ဆီမှပင်ဖြစ်သည်။

"အေး ပြော"

"ဟျောင့် ခုနေ့ အောင်ထင်မြတ်ညီလေး ငါတို့ဆီကိုလာတယ်ကွ"

နာမည်ကြားရုံဖြင့်ပင် အရင်အတိတ်မှအမှတ်တရအချို့မှာပြန်လည်ပေါ်လာခဲ့သည်။

"သူ့ညီလေးက ခုနှစ် ငါတို့မြို့မှာကျောင်းတက်မှာတဲ့။ဘယ်အတန်းလည်းတော့ငါလည်း မသိသေးဘူး။ကျောင်းအပ်လို့ရှိရင်တော့ သူလာအပ်ပေးမယ်ပြောတယ်ကွ"

"အော် အေး ခုရော အဲကောင်လေးဘယ်မှာနေနေလဲ"

"ကြီးမေ ဆီမှာနေနေတယ်။သူအဆင်ပြေမှာပါ ကိုမင်းတုန်းကလည်း အဲအိမ်မှာပဲနေပြီး ကျောင်းတက်ခဲ့တာကို"

"အေးပါကွာ"

"အေး"ဟုတ်ပြီ ငါအဲတာပြောပြခြင်လို့ ဖုန်းဆက်လိုက်တာ"

"အေး" ဟုတ်ပြီ"

ထင်သစ်ဖုန်းချသွားသည်။ဟိုဘက်အိမ်မှကောင်လေးနှင့်ရင်းနှီးမှုအရင်ယူရမည်။မဟုတ်ရင် စာသင်ရမှာလွယ်ကူမည်မဟုတ်။ဘုန်းတည်ကြည်အိမ်မှထွက်လာခဲ့သည်။

"အန်တီရင်သူ"

"အန်တီရင်သူရေ"

"လာပြီ သားရေ အန်တီနောက်ဖေးရောက်နေလို့"

ခနအကြာသံတံခါးလေးပွင့်သွားသည်။

"အန်တီ သားအန်တီ့တူလေးကို တွေ့ဖို့လာခဲ့တာ"

Building with love (ချစ်ခြင်းဖြင့်ဖွဲ့စည်းသော်) Uni+Zawgyi Where stories live. Discover now