BWL part 3

16 1 0
                                    

တည်ကြည်သည် မိုးသစ်နှင့် ခင်ဖို့ရာ တစ်လအတွင်း မနည်းကြိုးစားခဲ့ရသည်။နောက်အပတ်ကျရင် ကျောင်းအပ်တွေလက်ခံတော့မည်ဖြစ်သည်။ထို့ကြောင့် မိုးသစ်ကို ကျောင်းတွင်သုံးရန် စာရေးကိရိယာဝယ်ရန် သွားခေါ်မည်။

"အန်တီ ရင်သူ"

အိမ်ထဲမှအသံမကြားရသော်လည်း တံခါးပွင့်သွားသည်။လာဖွင့်သည့် သူက မိုးသစ်ပင်။အိမ်တွင်နေသည်မလို့လားမသိ သနပ်ခါးအနည်းငယ်မျက်နှာတွင်ရှိနေသည်ကို သူသတိထားမိလိုက်သည်။

"လာလေ ကိုတည် ဘာလုပ်မလို့လဲ"

"မင်းကိုလာခေါ်တာ မြို့ထဲသွားရအောင်"

"ဟာ ဘာလုပ်ဖို့လည်း ကျွန်တော်မလိုက်ခြင်ဘူး"

"မင်း ကျောင်းတက်ဖို့အတွက် စာရေးကိရိယာတွေဝယ်ရမယ်လေ"

"ကိုတည့် ဘာသာ ကြည့်ဝယ်လာလည်း ရတာကို"

အပြင်သွားဖို့ခေါ်တာနှင့်ပင် သင်္ချိုင်းကုန်းသွားဖို့ခေါ်သလိုမျိုး ခါးခါးသီးသီးငြင်းသည်။

"မရဘူးလေ လိုက်ခဲ့ရမယ်"

နောက်ဆုံးတော့လည်း လင်းမော်ပဲအလျော့ပေးလိုက်ရသည်။မြို့ထဲလည်း ရောက်ဖူးထားမှပင်တော်ကာကျမည်။စစရောက်ခြင်းမှလွဲ၍ မြို့ထဲသို့ တမင်တစေလျှောက်မသွားဖူးပေ။

"အဲတာဆို ကိုတည် ခနစောင့် ကျွန်တော် ရေချိုးလိုက်ဦးမယ်"

"အင်း ဟုတ်ပြီလေ "

ရေချိုးပြီး အင်္ကျဝတ်ရန်ရွေးနေစဉ်ပင် ကိုတည်တံခါးလာခေါက်သည်။

"အစ်ကို ကျွန်တော် အင်္ကျီလဲနေပြီ"

လဲနေပြီဟုသာအော်ပြောလိုက်ရသော်လည်း အမှန်မှာ ဘာဝတ်ရမှန်းမသိသေး။

"ဟုတ်ပြီ သစ်လွင် အစ်ကို အိမ်ရှေ့ကစောင့်နေမယ်နော်"

"ဟုတ် ဟုတ်"

စတိုင်ပန်အသားရောင်နှင့်တီရှပ်လက်တိုအညိုနုရောင်ကို ဘောင်းဘီထဲ ထည့်ဝတ်သည်။ဘေးလွယ်အိတ်လွယ်သည်။

"Perfect "

မှန်ထဲမှကောင်လေးသည် ဖြူဝင်းသောအသားအရည်နှင့်အညိုနုရောင် အင်္ကျီကဟပ်နေသည်။မျက်နှာတွင်ဘာမှ ချယ်မထားသော်လည်း နှုတ်ခမ်းမှာသဘာဝအတိုင်း ပန်းရောင်သန်းနေသည်။

Building with love (ချစ်ခြင်းဖြင့်ဖွဲ့စည်းသော်) Uni+Zawgyi Where stories live. Discover now