အခန်း ၄၆

402 45 0
                                    

လျောင်ထင်ယန့်တစ်ယောက် အပြန်လမ်းတွင် စစ်မာကျောင်းကို မြင်လိုက်ရသသည်။ သူသည် တောက်ပသော အနီရောင်ပန်းခင်းထဲတွင် မတ်တပ်ရပ်နေလျက်ရှိသည်။ သူ၏ မည်းနက်နက်ပုံရိပ်က ညသန်းခေါင်တွင် သွားလာနေသည့် တစ္ဆေတစ်ကောင်အလား။ ထိုပန်းက ဘာပန်းမှန်း လျောင်ထင်ယန့် မသိပါ။ အနံ့ပြင်းလွန်း၏။

လျောင်ထင်ယန့်သည် ၇ မီတာလောက်အကွာမှ အော်လိုက်သည်။

“ရှစ်ကျူ မအိပ်သေးဘူးလား”

ပတ်ဝန်းကျင်အခြေအနေက အလွန်ခြောက်ခြားစရာကောင်းနေသည်ဟု သူ တွေးမိပြီး စစ်မာကျောင်း လှည့်ကြည့်လာချိန်တွင် မျက်နှာဗြောင်ကြီး ဖြစ်နေမှာကို အနည်းငယ် စိုးရိမ်မိ၏။

စစ်မာကျောင်းသည် အနီရောင်ပန်းတစ်ပွင့်ကို သူ့လက်ထဲတွင် ပွတ်သပ်ရင်း လှည့်လာခဲ့သည်။ မျက်နှာက ပုံမှန်အတိုင်းပင်။

စစ်မာကျောင်းသည် ပန်းပွင့်များ၊ အသီးများနှင့် လူခေါင်းများကို ခြေမွရသည်အား သဘောကျပုံပေါ်ကြောင်း လျောင်ထင်ယန့် သိလိုက်ရသည်။

“မင်းက ဝိညာဉ်ဖြစ်တည်ရေးအဆင့်ကို ရောက်နေပြီးတာတောင် အိပ်ချင်နေတုန်းလား”

စစ်မာကျောင်းက ပန်းလှလှလေးများပေါ် တွန့်ဆုတ်ခြင်းမရှိ နင်းပြီး လျှောက်လှမ်းလာခဲ့၏။

လျောင်ထင်ယန့်သည် ဘော့စ်ကို အလေးအနက် ရှင်းပြနေသည်။

“ကျွန်မ အိပ်ဖို့လိုတယ်လို့ မထင်ဘူး။ ဒါပေမဲ့ အိပ်ချင်တာ။ စားစရာမလိုပေမဲ့ စားချင်နေတုန်းပဲ”

စစ်မာကျောင်း - “မင်းက အရမ်းထူးဆန်းတာပဲ”

သူသည် ကြေမွနေသော ပန်းကို အောက်ကိုပစ်ချလိုက်သည်။

တစ်ဆိတ်လောက်…ရှင်က မအံ့ဩဘူးလား…

လျောင်ထင်ယန့်က မေးဖို့ကြိုးစားလိုက်သည်။

“ရှစ်ကျူ အကုန်ကြားလိုက်လား။ ဒါဆို ကျွန်မ ဘယ်သူလဲသိလား”

စစ်မာကျောင်း - “ငါ သိတာ ကြာပေါ့။ ဘယ်သူကမှ ငါ့ဆီကနေ ဘာကိုမှ ဖုံးကွယ်လို့မရဘူး”

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now