Chapter 35

1.2K 159 2
                                    

Unicode

Tomato အဆောက်အဦးသည် အပေါ်ယံသွင်ပြင်က ခရမ်းချဉ်သီးတစ်လုံးကဲ့သို့ ဖြစ်နေသောကြောင့် မှတ်မိရန် လွယ်ကူပြီး ၎င်းက ဒုတိယမြောက်ကမ္ဘာရှိ Tomato ရုပ်မြင်သံကြား၏ ရုံးချုပ်ဖြစ်သည်။

ဟုတ်ပေ၏၊ သူ့ဘေးရှိအဆောက်အဦးကလည်း အလွန်မျက်စိဖမ်းစားလှပြီး Tomatoအဆောက်အအုံကို မက်မောကာ တစ်ချိန်လုံး စိုက်ကြည့်နေပုံရသည်။ Tomatoအဆောက်အဦးတွင်သာ တစ်ခုခုမှားသွားပါက သူ့ဘေးရှိအဆောက်အဦသည် ပြေးလာပြီး တစ်ကိုက်,ကိုက်ရန် တွန့်ဆုတ်နေမည်မဟုတ်ပါချေ။

လောလောဆယ်တွင် Tomato အဆောက်အအုံ၏ ကွန်ဖရင့်ခန်းထဲရှိ လေထုသည် အနည်းငယ် ပြင်းထန်နေသည်။

ပင်မထိုင်ခုံတွင်ထိုင်နေသည့် Tomatoရုပ်မြင်သံကြား ဒါရိုက်တာက အနည်းငယ် စိုးရိမ်ပူပန်နေခဲ့သည်။ "Apple Television ကလည်း လျှာကဝေပြိုင်ပွဲကို ကျင်းပတော့မယ်လို့ သတင်းအတိအကျရထားတယ် ပြင်ဆင်မှုတွေ ပြီးလုနီးပါးဖြစ်ပြီး မကြာခင် သူတို့ရဲ့ audition ကို စတင်တော့မှာတဲ့"

"နှစ်တိုင်း စားဖိုမှူးပြိုင်ပွဲတွေ အများကြီးရှိတယ် ဒါပေမယ့် Intelligenceက တရားဝင် အသိအမှတ်ပြုထားတာက ဒါ တစ်ခုတည်းပဲရှိတာပါ ဘာစိုးရိမ်စရာရှိလို့လဲ" တချို့က အေးဆေးနေကြပြီး ထိုအကြောင်းနှင့်ပတ်သပ်၍ လုံးဝ ဂရုမစိုက်ကြချေ။

၎င်းတို့အားလုံးကို လျှာကဝေပြိုင်ပွဲများဟု ခေါ်ဝေါ်ကြသော်လည်း အမည်မသိသူများမှကျင်းပသော အခြားပြိုင်ပွဲများသည် လျှာကဝေပြိုင်ပွဲအဖြစ် အသိအမှတ်ပြုခြင်းမခံရပေ။ ဒါရိုက်တာက သက်ပြင်းချလိုက်သည်။ "သာမန်ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ရင် ငါ စိတ်ပူစရာမလိုပါဘူး"

"အဲ့လိုမဟုတ်ဘူးလား Intelligenceက သူတို့ကို ခွင့်ပြုခဲ့တာလား" စုယန် အံ့သြစွာ မေးလိုက်သည် ။

သူအရင်က သတင်းတွေကြားထားလို့ စိတ်ထဲမကောင်းဘူးဖြစ်နေတာ၊ အခု တကယ်ဖြစ်နေတာလား။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ခွင့်ပြုချက်ရုပ်သိမ်းဖို့ဆိုပြီး Intelligence ဆီက အကြောင်းကြားစာ မရခဲ့ဘူးလေ သူတို့ Apple Television ကို တစ်ချိန်တည်းမှာ ခွင့်ပြုချက်ဘယ်လိုလုပ်ပေးနိုင်မှာလဲ" တစ်ယောက်ယောက်က မယုံနိုင်သေးပေ။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now