part_10

487 63 18
                                    

အပိုင်း_၁၀

...

"ဆွန်းဂွမ်နီး..."

တိုးလျလျဖြင့်ခေါ်လာသော ရှူအာဟျောင်းအသံကြောင့် ဆွန်းဂွမ် ငိုက်နေရာမှနိုးကာ မော့ကြည့်လိုက်သည်။

"ဟျောင်း...."

"အိပ်ချင်ရင် ဒီမှာလာအိပ်လိုက် ဟျောင်းခင်းပေးထားတယ်"

လူနာကုတင်ဘေးက အောက်တစ်နေရာမှာ လေဖောင်းမွေ့ယာလေးတစ်ခု ခပ်သင့်သင့်ချထားသည်ကိုပြလာ၍ ဆွန်းဂွမ်ကြည့်ရင်း ကုတင်ပေါ်ကဗာနွန့်ဆီမှာ အကြည့်တို့ အသုံးသတ်လိုက်သည်။ထို့နောက် ရှူအာ့ကို ခေါင်းခါပြကာ ခပ်ရို့ရို့လေးပြုံး၍...

"ရတယ်ဟျောင်း... ဟျောင်းလည်းပင်ပန်းနေပြီ နားလိုက်ပါ။ ဒီည ကျွန်တော်ပဲ စောင့်လိုက်မယ်"

"မဟုတ်ဘူး ဆွန်းဂွမ်နီးနားလိုက်ပါ။ ဟျောင်းအဆင်ပြေတယ်"

သို့ရာတွင် ခပ်အုပ်အုပ်ညည္းသံနဲ့အတူ ဗာနွန်နိုးလာ‌၍ သူတို့နှစ်ဦးသားလုံး တိတ်ဆိတ်သွားကာ ဗာနွန့်အနား ပိုတိုးသွားကြသည်။

"ဘာလို့လဲ ဗာနွန်...ဘယ်နားအဆင်မပြေလို့လဲ.."

ဆွန်းဂွမ်က စိုးရိမ်စွာမေးတော့ ဗာနွန် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကုတင်ကနေ ထထိုင်သည်။ အခြေနေအရ စကားမပြောနိုင်သေးပေမယ့် ညည်းသံအချို့တော့ ရံဖန်ရံခါ ထွက်လာတတ်သည်။

ထိုင်နေတဲ့ဗာနွန့်ကို ရှူအာက စိုက်ကြည့်နေပြီး ဆွန်းဂွမ်က ဗာနွန့်ကျောအနောက်ကို ခေါင်းအုံးထိုးပေးလိုက်သည်။သို့ရာတွင် ဗာနွန်၏လက်က အကြောတွေထင်းကနဲဖြစ်လာပြီး မျက်မှောင်ကို မီးကုန်ရမ်းကုန်ကျုံ့ထားလိုက်တာကြောင့် အခြေနေမဟန်တော့မှန်း ဆွန်းဂွမ်ရိပ်မိလာသည်။

"ဟျောင်း..ဆရာ၀န်သွားခေါ်...မြန်မြန်."

"အွန်း"

လူခေါ်ဘဲလ်ကနေ ဆရာ၀န်ခေါ်နေပေမယ့် ရောက်မလာတာကြောင့် ရှူအာကိုယ်တိုင် ထွက်ခေါ်ရတော့သည်။ အခန်းထဲမှာ ကျန်ခဲ့သော ဆွန်းဂွမ်ကတော့ လက်သီးစုတ်ကာ အံကြိတ်လျှက် နာကျင်နေပုံရသော ဗာနွန့်ကို လက်ဖမိုးလေးအား ပွတ်သပ်ပေးရင်းသာ စောင့်ကြည့်နေခဲ့မိသည်။ ဗာနွန့်ပါးပြင်မှာ မျက်ရည်လေးပင် ကျစီးလာတော့ ဆွန်းဂွမ်မခံသာပါ။ သူ့လက်ကလေးနဲ့ ငြင်ငြင်သာသာ ဖယ်သုတ်ပေးရင်း ဗာနွန့်ကို ရင်ချင်းအက်၍ ဖက်ထားပေးမိတော့သည်။
သူငိုလိုက်လို့မဖြစ်ဘူး...ဗာနွန်အခုလိုဖြစ်နေချိန်မှာ သူကပါပျော့ညံ့နေလို့မဖြစ်ဘူး ဆိုသောအတွေးတွေကလည်း ဆွန်းဂွမ်ခေါင်းထဲမှာ တဝဲလည်လည်ဖြစ်နေခဲ့သည်။

သူ့မျက်၀န်းနဲ့ချည်နှောင်သည်(Complete)Where stories live. Discover now