MasuyoကNatsuအခန်းရှိတဲ့ဘက်ကိုလျှောက်လာတယ်။
Yurikoနဲ့Natsuကရေအောက်ထဲကနေတဖြည်းဖြည်းအပေါ်ကိုတက်လာတယ်။နွယ်ကြိုးတွေလည်းသူတို့နောက်ကိုလိုက်လာတယ်။ဒါပေမယ့်သူတို့ကိုလိုက်မမှီနိုင်တော့ပါဘူး။သူတို့အေးအေးဆေးဆေးအပေါ်ကိုရောက်သွားတယ်။ဆေးရုံမှာတော့Yurikoကအနီရောင်မျက်လုံးနဲ့အတူမျက်လုံးဖွင့်လိုက်တယ်။
သူမအရမ်းပင်ပန်းသွားပြီးထိုင်လျက်ကျသွားတယ်။KotohaကYurikoကိုထူပေးရင်းKotoha- "Phoenix၊အစ်မဘာဖြစ်သွားသေးလဲ။"
"ဘာမှမဖြစ်တော့ပါဘူး။"
အဲဒီအချိန်Masuyoလည်းNatsuအခန်းရှေ့မှာရပ်နေပြီးလော့ချထားတဲ့တံခါးကိုနည်းနည်းခေါက်လိုက်တယ်။
"Hey!တံခါးဖွင့်ပေးပါ။"
Kotohaကထပြီးတံခါးဖွင့်လိုက်တယ်။
Sharon- "Natsu-sanရော?"
YurikoကNatsuဘက်ကိုမျက်စပစ်ပြလိုက်တယ်။
ခဏအကြာမှာNatsuလက်ကနည်းနည်းလှုပ်လာပြီးမျက်စိဖွင့်လာတယ်။Kotohaလှည့်ကြည့်တဲ့အချိန်မှာNatsuမျက်လုံးဖွင့်ပြီးသူမဘက်ကိုကြည့်နေတာကိုမြင်တော့"အစ်မ!အစ်မပြန်သတိရလာပြီ။"
Masuyoကနှာခေါင်းသွေးယိုနေတဲ့Yurikoကိုကြည့်ပြီး
"Yuriko၊သမီးနှာခေါင်းမှာဘာဖြစ်ထားတာလဲ။"
Yurikoကသူမနှာခေါင်းကသွေးတွေကိုပြန်သုတ်ရင်း
"ဪ၊Natsu-sanကိုကယ်ရင်းနှာခေါင်းသွေးယိုထားတာပါ။နောက်မှသမီးအမေ့ကိုအေးဆေးရှင်းပြမယ်။"
-
Masuyo- "အကုန်လုံးကိုပြောလိုက်ဦးမယ်။အခုအခြေအနေကထင်သလိုမဟုတ်တော့ဘူး။"
Kotoha- "ဘာလို့လဲ၊အန်တီ။"
"DaisukeကHarumiအကြောင်းကိုသိနေတယ်။"
Yuriko- "အဖေသူ့ကိုဘာတွေလုပ်ထားလို့လဲ။"
"ဘာမှမလုပ်တာထက်....Harumiကကလေးတုန်းကသေသွားလို့Goblinသွေးနဲ့အသက်ဆက်ရှင်နေတယ်ဆိုပြီးပြောလိုက်တာ။သူ့မိသားစုတွေနဲ့အကြောင်းသိနေပုံပဲ။"
Sharon၊Yurikoနဲ့Kotohaလည်းအံ့ဩသွားတယ်။
Kotoha- "အဲဒါတကယ်လား။"
YOU ARE READING
Skate-shot (スケート.ショット)
MaceraHarumiဆိုတဲ့သာမန်အထက်တန်းကျောင်းသူတစ်ယောက် Skate-shotလို့ခေါ်တဲ့နည်းပညာကုမ္ပဏီရဲ့CEOနှင့်တွေ့ဆုံမိရာကနေ Skate-shotကိုကာကွယ်ဖို့City Riderအဖြစ် Harumiကိုကမ်းလှမ်းတဲ့အခါမှာတော့ Hayaoမြို့ကမှုခင်းတွေကိုဖြေရှင်းရင်း Skate-shotကိုသူမဘယ်လိုကာကွယ်မလဲ? "I w...