part_11+12

579 67 40
                                    

အပိုင်း_၁၁+၁၂

....

တစ်နှစ်ခန့်ကြာသော်.......

အလီလီပြောင်းလဲနေတဲ့ရာသီဉတုကို ဆွန်းဂွမ်အသားမကျသေး၊ ညက မိုးအနည်းငယ်ရွာထားလို့ လှမ်းထားမိသောအ၀တ်များက စိုရွဲကာ ရေတစက်စက်ကျနေသဖြင့် စောစောစီးစီး ဆဲရေးမိတော့သည်။

"အီး..သေလိုက်ပါတော့ ဆိုးလ်ကိုသွားရမယ်ဆိုကာမှ..."

ဆွန်းဂွမ် နားရွက်ကို ကုတ်နေလိုက်ရင်း အကြံအိုက်သွားကာ လှုပ်စိလှုပ်စိဖြင့် အိမ်ရှေ့ထွက်လာလိုက်သည်။ လမ်းမကိုငုံ့ကြည့်လျှက် နားရွက်ကိုလည်းအကုတ်မပျက် ဒီနေ့ဘာ၀တ်သွားရမလဲဆိုတာပဲ ကြောင်စီစီ တွေးမိနေတုန်း အနောက်က လှမ်းအော်တဲ့ ကလေးပိစိကြောင့် မှုန်ကုတ်ကုတ်နဲ့ပင် လှမ်းကြည့်လိုက်သည်။

"ငါ့ကိုခေါ်တာလား..."

သူ့ကိုယ်သူ လက်ညှိုးထိုးပြတော့ ကလေးဟာ ခေါင်းလေးတငြိမ့်ငြိမ်။

"ပြောဘာလဲ...။ တစ်ခါမှမမြင်ဖူးပါဘူး အလည်လာတာလား ပေါက်စလေး.."

"တားကို ဒီလိပ်ချာ လိုက်ပို့ပေးပါခင်ဗျ.."

"ဟင်...."

ကျောပိုးအိတ်ကလေးလွယ်ကာ နေကာမျက်မှန်နဲ့အထာကျနေသော ပေါက်စလေးက ရှေ့သွားနှစ်ချောင်းမှာ ပြတင်းပေါက် ဖောက်ထားသေးသည်။ ဆွန်းဂွမ်ကြည့်ရင်း အသည်းယားတာမို့ ကလေးကို ငုံ့ဖက်ပစ်လိုက်ရင်း ကလေးပေးတဲ့ လိပ်စာကိုဖတ်ကြည့်တော့...

"ဟင်...ပေါက်စလေး...ဒီကိုတကယ်သွားမှာလား..."

"ဟုတ်ကဲ့ခင်ဗျ"

"အယ် ဒါက ဆိုးလ်က လိပ်စာလေ...။ မင်းကအခု ဘယ်ကလာတာလဲ..."

ကလေးက ချက်ချင်းပြန်မဖြေပဲ လူကြီးလေးလို သက်ပြင်းချကာ မှိုင်ကျသွား၏။ ဒါကိုတွေ့တော့ ဆွန်းဂွမ်မရယ်ပဲမနေနိုင် မျက်ခုံးပင့်လိုက်မိသည်။

"အမေ၊ အဖေရော အတူလာတာလား.."

"မဟုတ်ဘူးခင်ဗျာ"

"အဲ့တာဆို တစ်ယောက်တည်း လာတာလား"

"အဲ့တာက...သားက ကျောင်းကိုလာတာပဲ "

သူ့မျက်၀န်းနဲ့ချည်နှောင်သည်(Complete)Where stories live. Discover now