အပိုင်း ၉

1.9K 83 10
                                    

"ကဲ ကြီးလှရေ ခင်များတူမတွေကိုဘယ်လိုလုပ်ရမလဲ "
"သူကြီးရယ် ကျွန်မလဲဘာလုပ်ရမှန်းကိုမသိတော့ပါဘူး သူများသားသမီးထိန်းသိမ်းရတာဆိုတော့ခက်သားရယ်"
"ဘားမှခေါင်းစားမနေနဲ့တော့ သမီးကြီးလုပ်နေကြအတိုင်းပဲဒီငမူးတွေကိုထိပ်တုံးတာခတ်တော့"
"ဖေဖေ ထိပ်တုံးကသုံးပေါက်ပဲရှိတာ အခုကလူ၆ယောက်ဆိုတော့"
"အဲ့တာဆိုလဲ၃ယောက်ကိုကြိုးသာတုပ်ထားလိုက်တော့"
"ဟာ သူကြီး..အဲ့တာတော့မတရားဘူးဗျ ဒီမှာကြည့်ပါဦးကျုပ်မျက်နှာကို ရစရာကိုမရှိဘူး"

"ကြီးလှလဲဘာပြောရမလဲမသိတော့ပါဘူး တူမမြ အဆင်ပြေသလိုသာအပြစ်ပေးလိုက်ပါ ပြီးရင်ကြီးလှသူတို့သုံးယောက်ကို မြို့ပြန်ပဲပို့လိုက်တော်မယ်"
"ဟာ.. ကြီးလှမပို့ရဘူးနော် မရဘူးဒီမှာပဲနေမှာ"
"ဟုတ်တယ် ကြီးလှပြန်ပို့လဲဒီမှာပဲနေမှာ"
"မြို့မပြန်နိုင်ဘူး ဖူးစာရှင်တွေကဒီမှာ ရှင့်...ဟီး.."
"ပြန်တော့်မပို့ပါနဲ့ ဒီမှာလဲမြတို့နှင်းဆီတို့အလုပ်မှာလူလိုနေတာဆိုတော့ သူတို့လေးတွေကအလုပ်လုပ်တာတော်ကြပါတယ် "
"ကဲခါတိုင်းလိုပေါ့ မောင်သာလှရေ သုံးယောက်ကို
ထိပ်တုံး သုံးယောက်ကိုကြိုးတာတုပ်ထားလိုက်
အခုက မူးပြီးအိပ်နေတာဆိုတော့ဘယ်လိုမှ ေမးလို့ရမှာမဟုတ်ဘူး"
"ကဲပြောကြပါဦးဘယ်လိုဖြစ်လို့ ထန်းတောမှာရန်ဖြစ်ကြတာတုံး"
"ဒီလိုပါသူကြီး.. ကျွန်တော်တို့က ကိုယ့်ဘာသာကိုသောက်နေစားနေတာကို သူတိုသုံးယောက်ကအရင် ထန်းရည်နဲ့လှမ်းပက်တာပါ"
"မတော်တဆပတ်မိတာလို့ပြောနေတယ်လေ ဒါကိုအခုထိနားမလည်ကြဘူး ဘာလဲဘာဖြစ်ချင်လို့လဲ"
"ကဲဟုတ်ပြီ ပြသာနာအရင်းအမြစ်ကိုမြသိ​ြပီကိုဘခက်တို့ပြန်ကြတော့ "
"ရှင် ဟုတ်ဟုတ် သွားဦးမယ်ရှင့်"
"ဟိတ်ဟိုသုံးယောက်ပြန်လာထိုင် မင်းတို့ကကိုဘခက်မို့လားပြန်ရအောင်"
"သြော် ကိုဘခက်တယောက်ထဲပန်ခိုင်းတာလား"
"နှင်းဆီ သူတို့ကိုထိပ်တုံးပြန်ခပ်ထား ရေမတိုက်
ထမင်းလဲမကျွေးနဲ့"
"ဟုတ်..ဟုတ်မမမြ"
"ယုယ နင့်မြကမမိုက်ပါဘူးဟာ ကို့ချစ်သူကို ထိပ်တုံးကလဲခပ်သေးရေမတိုက် ထမင်းမကျွေးနဲ့တဲ့"
"ဘာတွေညည်းနေကြတာလဲ ကိုယ့်အပြစ်နဲ့ကိုယ့်ခံကတာပေါ့ဟ "
"ဘာခံပေါ့လဲ ငါကကြားထဲကအစစ်ပါတာ အခုဆိုကိုသာလှကငါ့ကိုစိတ်များပျက်နေပြီလားမသိဘူး မိုးတောင်ချုပ်နေပြီအခုထိလဲထမင်းလာမကျွေးသေးဘူး အဲ့တာနင်တို့ကြောင့် "
"ဟုတ်ပငါ့လဲဗိုက်ဆာနေပြီပြီးတော့ရေလဲဆာတယ် "
"ကဲညည်းနေလိုက်ကြတာ ဒီမှာနှင်းဆီယူလာပါတယ်စားကြနော် ကိုသာလှကညနေထဲကသူ့အိမ်ပြန်သွားတာ ပေါ်မလာသေးတာပါ ဒီမှာဟင်းတွေကောထမင်းတွေကော ရေရောပါလာတယ် တိုးတိုးနေကြနော် မမမြကဘုရားရှီခိုးနေတုန်းမို့
ဆင်းလာရင်မိသွားလိမ့်မယ်"
"တွေ့လားငါ့နွယ်ကအကောင်းဆုံးပါလို့ "
"ဘာငါ့နွယ်လဲ စိတ်ဆိုးနေတယ်နော် စားမှာသာစား"
"ရတီလေး ဗိုက်ဆာနေပြီလားဟင်"
"အမလေးဖြစ်နေလိုက်တာ ကျွန်မကျွေးနေပါတယ်ဗျာ"
"ကျေးဇူးပါဗျာ ကျွန်တော်လဲအမှီတော့ပြေးလာတာပဲအစ်မရယ် မမမြရောဟင်"
"ကိုကို သိလားရတီက ရန်ဖြစ်တာမဟုတ်ဘူးနော်
သူတို့ရန်ဖြစ်တာ ရတီဘားမှသိဘူး"
"ကိုကိုသိပါတယ်ရတီရယ် စိတ်လဲမဆိုးဘူး ရတီလေးထိခိုက်မိမှာပဲဆိုးတာ"
"အဟင့်...ဟင့်...ဗြဲ... ဗြဲ..."
"ဟယ်ယုယဘာထဖြစ်တာလဲ"
" နင်တို့ကဘေးကနေလာro နေကြတာ ငါကျတယောက်ထဲဖစ်နေတယ် မြရယ်ရက်စက်လိုက်တာ"
"ကဲကဲစားကြခနနေသူကြီးမိနေလို့နော် ဒုက္ခတွေရောက်နေမယ်"
"ယုယလေးစားလေဘာလို့လဲ "
"မစားတော့ပါဘူး မမရယ် မြကတောင်ပြစ်ထားရက်နိုင်သေးတာပဲထားလိုက်ပါဒီကောင့်ကို"

"နှင်းဆီ ဘာရပ်လုပ်နေတာလဲ ဘုရားမကတော့ဘူးလား"
"မမမြ ယုယလေးကိုထမင်းလေးကျွေးလိုက်ပါလားဟင် သနားပါတယ်နှင်းဆီကကျွေးတာတောင်မစားရှာဘူး"
"ထားလိုက်သူ့အပြစ်နဲ့သူကျေီးတာတောင်မစားရင်မစားနဲ့ပေါ့ကဲစကားတွေများမနေနဲ့သွား အိပ်တော့ သွား"
အင်းပြောလို့သာပြောရတာ မောင်တယောက်ဗိုက်ဆာနေတော့မှာ မောင်ရယ် မင်းသိပ်ဆိုးတာပဲ မိန်းကလေးဖြစ်ပြီးထန်းတောမှာရန်ဖြစ်ရလား
ကွယ် မဖြစ်သေးပါဘူး သွားတော့ကြည့်ရမယ်
ဒီကလေးကသိပ်ခေါင်းမာတယ်

"မအိပ်သေးဘူးလား "
"ဟင်မြ.. "
"အင်းဗိုက်ဆာနေမှာဆိုးလို့လာတာ ခုနကမစားလိုက်ဘူးဆို ဘာဟင်းမှတော့မရှိတော့ဘူး ကဿ်ဥလေးပဲကြော်ခဲ့တယ် စားတယ်မလားဟင်"
"စားပါတယ် မြမနက်ကျရင်သူတို့နှစ်ယောက်ကိုလွှတ်ပေးပါလား ရန်ကမောင်ကစတာပါ သူတို့နဲ့မဆိုင်ပါဘူး သူတို့ခမျာ မြေကြီးပေါ်မှာအိပ်နေရပြီ"
"မြေကြီးပေါ်လဲဖစ်တယ်ထင်ပါ့ အိပ်နေလိုက်ကြတာ "
"မနက်ကျသူတို့ကိုလဲလွှတ်ပေးမယ် ရှင့်ကိုလဲလွှတ်ပေးမယ်ဟုတ်ပြီလား ထမင်းသာစားလူဆိုးရဲ့ "
"ဟုတ်.. ဟီး"
ဗိုက်ဆာနေတယ်ထင်ပါ့ စားနေလိုက်တာကလေးကျလို့ မောင်ကကလေးလိုပဲ
"အာ..ကျွတ်"
"မောင်ဘာဖြစ်တာလဲဟင် ဟယ်မောင့်လက်မှာပေါက်နေတယ်ကော ပြစမ်းမြကို မောင်ရယ်
အရမ်းနာနေလားဟင် ဘယ်လိုဖြစ်တာလဲ ဘာလို့မပြောတာလဲကွာ ကြည့်ပါဦးလက်ဖြူဖြူလေးကို"
"မြစိတ်ဆိုးနေလို့မောင်ကမပြတာပါ"
"ဟင့်..မောင်မင်းသိပ်ဆိုးတယ် တို့မှာဒီအရွယ်ထိဘယ်သူ့ကိုမှလဲမချစ်ခဲဘူး ချစ်မိတော့လဲမိန်းကလေးကို ပြီးတော့လူဆိုးမကိုမှချစ်ရတယ်"
"မြရယ်မငိုပါနဲ့နော် မောင်မှားပါတယ် နောက်မဖြစ်စေရပါဘူး နော် "
"သွားပါအခုမှ မင်းထန်းတောမှာရန်ဖြစ်တာဆိုတော့တို့ဘယ်လောက်လန့်သွားလဲသိလား
နောက်တခါအဲ့လိုမလုပ်ပါနဲ့ကွယ်"
"ဒါဆိုမြမလှနဲ့လေ"
"ဘာဆိုင်လို့တုန်း"
"မြကလှပြီးရင်းလှနေသရွေ့ မောင်ဒီရွာကယောကျာ်းတွေနဲ့ရန်ဖြစ်ရလိမ့်မယ်"
"ဆိုးလိုက်တာရှင်ရယ်"
"မြနားနားမှာဘာကပ်နေတာလဲ လာမောင်ဖယ်ပေးမယ်"
"ဟုတ်လားအကောင်လားမြကြောက်တယ်နော်မောင်"
"လာဒီနားတိုးခဲ့ မောင်ဖယ်ပေးမယ်"
"မွ...."
"ဟာမောင်.......မင်း"
"မြ..ဟောဗျာ..မြ"
"မောင်ကသိပ်လည်တာပဲ မြဒီညအိပ်ရပါ့မလား
ဒုတ်..ဒုတ်..ဒုတ်..
ဟင်ဘာသံလဲ....သြော်.. မြရင်ခုန်သံလေးပဲ.."

ကြာသွားလားဗျာ.. ဟီးဟီး😁
သာသာကငပျင်းရယ် 😏
စိတ်ဆိုးကြနဲ့နော်

သူကြီးမကတော်Where stories live. Discover now