အပေါ်သို့တက်လာပြီး ဘေစင်တွင်လက်ဆေးနေစဉ် မှန်ဠ်မြင်နေရသည့်ကိုယ့်ကိုယ်ကိုယ် ကြည့်ကာ အံ့ဩနေမိသည်။
ဘယ်အရာတွေကများ သူ့ကိုဒီလိုတွေဖြစ်အောင် လုပ်နိုင်ရတာလဲ။ဘာကြောင့် ဒီလိုသွေးထွက်သံယိုတွေ ဖြစ်သွားလောက်တဲ့အထိဒေါသထွက်သွားတာလဲ။ ဒဏ်ရာ။ ရှင်းလင်းပြီး ချောမွတ်နေတဲ့သူ့မျက်နှာပေါ်ကို ရောက်လာခဲ့တဲ့ ဒီဒဏ်ရာ။ဟုတ်တယ်။ အဲ့ဒဏ်ရာကို မြင်လိုက်တာနဲ့အဲ့လိုဖြစ်အောင် လုပ်ခဲ့တဲ့အကောင်ကိုအစိတ်စိတ်အမွှာမွှာလုပ်ပစ်ချင်သည်။
------------------------
Yesterday Night ,
Soonyoung CCTV ကို ကြည့်ပြီးနောက် Jihoon တစ်ယောက် စာရင်းလုပ်ရာတွင်စိတ်နှင့်လူမကပ်တော့။
ထို့နောက် အိမ်ထိန်းကိုပြောပြီး Capo တွေရဲ့ လူတွေထဲက ၅ ယောက်ကို ခေါ်ကာ ကား ၃စီးနှင့်အတူ တစ်နေရာသို့ထွက်သွားလိုက်သည်။
ဒီနေရာတွင် Soonyoung ကိုခေါ်လို့မဖြစ်ချေ။
Dokyeom ပို့ပေးထားသည့်လိပ်စာအရ အဆောက်အဦးတစ်ခုရှေ့တွင် ကားရပ်ကာလက်ဆွဲ Luggage အသေး တစ်လုံးကို ကိုင်လျက် တက်သွားလိုက်သည်။
အခန်းတစ်ခုရှေ့တွင်ရပ်ကာ တံခါးခေါက်လိုက်တော့ CCTV ထဲတွင်ပါသော လူတစ်ခုကို မြင်လိုက်ရသည်။
Jihoon ဝင်သွားပြီး Sofa တွင် ဝင်ထိုင်ကာ စားပွဲပေါ် Luggage ကို ပစ်တင်လိုက်သည်။
ခေါင်းဆောင်ဟု ထင်ရသည့် လူက ရယ်လျက်
"ဘာလဲ ဘာအတွက်လဲ၊ ဒါ ကစားစရာနေရာမဟုတ်ဘူးနော် ၊ အိတ်က ဘာလုပ်ဖို့လဲ"
"သိချင်ရင်ဖွင့်ကြည့်လိုက်"
စကားကို ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။ထိုသူတို့လည်း ဖွင့်ကြည့်လိုက်ရာ Won 50000 တန် အုပ်လိုက်နှင့် အပြည့်ဖြစ်နေသော လက်ဆွဲအိတ်ဖြစ်နေသည်။
"ဒီက သခင်လေးက ဘာများလိုချင်လို့လဲဗျ ၊ ကျွန်တော်တို့ကလူသတ်တာကနဲ့မုဒိန်းကျင့်တာကလွဲလို့
ကြိုက်တာခိုင်း လုပ်ပေးပါတယ် "ခေါင်းဆောင်နှင့် သူ့နောက်လိုက်များမှာ အချိုးကော လေသံကော ပြောင်းသွားတော့သည်။
YOU ARE READING
𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️
Fanfictionချစ်ခြင်းမေတ္တာဆိုတာ လူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့ လှပတဲ့ အနုပညာလေးတစ်ခုပါ အနုပညာကို ခံစားဖို့ နူးညံ့တဲ့ နှလုံးသားတစ်စုံဘဲ လိုအပ်ပါတယ် 🤍