အပိုင်း (၉)

2.6K 162 18
                                    

{Unicode}

... ပတ်သတ်နေတဲ့ သူက...

****

တစ်ပတ်တိတိပြည့်ပြီ...
ကျောင်းမှာလဲ ပုံမှန်အတိုင်း ကျောင်းတက်နေလို့ ရပေမယ့် ထိုလူကြီးကတော့ ကျွန်တော့်ဆီ ဖုန်းအမြဲခေါ်ဆိုနေခဲ့သည်။

ကျောင်းမှာတော့ ပုံမှန်အတိုင်း ရှိနေခဲ့မိသည်။ ဒါပေမယ့် စိတ်နဲ့ကိုယ်နဲ့ မကပ်တော့... ငြိတွယ် ဘာလုပ်ရမှန်းမသိတော့... ။ ငြိတွယ် သူ့ကို ကြောက်သည်။

ပြီးတော့... သူက သိပ်ပြီး ရက်စက်သည် ထင်သည်။ ပြီးတော့ သူ့အလုပ်က ဘာမှန်းမသိ... အဲ့လိုအခြေအနေမျိုးက လွယ့်ကို ပိုပြီး ထိတ်လန့်စေသည်။

သူ့ကြည့်ရတာ... အမြဲတမ်း သားသားနားနားနဲ့ ရှိနေပြီး လူငယ်တစ်ယောက်လို လွတ်လပ်ပေါ့ပါးနေတာမျိုး မရှိ...။ အနည်းဆုံး သူပြုံးနေရင်တောင် ကြောက်စရာကောင်းတာမျိုးပင်....

လွယ် ဘာလုပ်ရမလဲ?
ကိုကိုနဲ့ မေမေတို့ကို ဒီအကြောင်း ပြောပြရမည်လား?
မဖြစ်ပါ... မေမေတို့ပါ... ထိုကိစ္စထဲ ဆွဲမထည့်ချင်မိ...။

ဒါဆို... ငြိတွယ်... ဘယ်သူ့ကို ပြောပြရမည်လဲ? ငြိတွယ်... ဘယ်သူ့ဆီက အကာအကွယ် ယူသင့်သလဲ?

စဥ်းစားရင်းဖြင့်ပင် အဲ့ဒီလူက လွယ့်ဆီကို ထပ်ပြီး ရောက်လာမှာ ကြောက်သည်။ ပြီးတော့ အဲ့ဒီလူက လူတစ်ယောက်ကို သတ်တာတောင် အေးစက်စက်နဲ့ ပြောနိုင်သည့်သူ...

သူ့ရဲ့ နောက်ခံအသိုင်းအဝိုင်းက ဘယ်လိုနေမှန်းမသိပေမယ့် လွယ် သူ့ကို ကြောက်သည်။ ဒါကို ဘယ်လိုပြောရမှန်း မသိ...။

နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချပြီးသည့်နောက်... ကိုကို့ဆီကို ဖုန်းခေါ်လိုက်မိသည်။ ကိုကိုကတော့ ခဏအကြာမှာ...

📱...

"ဟယ်လို.. ပြော... မုန့်ဖြူလုံးလေး... ဘာကိစ္စရှိလို့လဲ?"

"ဟို.. ကိုကို... အလုပ် လုပ်နေတာလားဟင်?"

"ဟုတ်တယ်... ရုံးမှာ... အလုပ်လုပ်နေတာ... ဘာဖြစ်လို့လဲ? တစ်ခုခု ပြောစရာရှိလို့လား?"

ကိုကိုကတော့ အဲ့ဒီဌာနမှာ အလုပ်ဝင်နေသည့် သူ ပီပီ... အကင်းပါးသည်။ တစ်ခုခုကို ချက်ချင်းခန့်မှန်းနိုင်သည်။ ဒါပေမယ့် ကိုကို့ကိုသာ အဲ့ဒီလူနဲ့ တိုက်ရိုက်တွေ့ဖို့က...

Being captured by Green..Wo Geschichten leben. Entdecke jetzt