၁၃

1.3K 96 4
                                    

ထိုအမျိုးသမီးကောင်းမှုကြောင့် business class မှာ သူစီးခွင့်ကြုံခဲ့ဖူးပါပြီ။ တကယ်ဆို စမ်းရည်သည်လဲ ဒါမျိုးစီးနိုင်ပေမဲ့ တကူးတက လေယာဥ်နဲ့ခရီးသွားဖို့စိတ်မပါတာတော့အမှန်ပါ။ အချိန်ပေးရလွယ်တဲ့အဝေးပြေးကားကိုအသုံးပြုတာများသည်လေ။ ထိုအမျိုးသမီးကိုဘေးတိုက်မြင်ရသာ့်အနေအထာကြောင့်အတော်လေးစိတ်ထဲ ကြည်နူးနေမိတာတော့အမှန်။ ထိုအမျိုးသမီး၏မျက်လွှာလေးကိုချကာ လက်ပိုက်မှေးနေသာ့်အနေအထားကို စမ်းရည်မလွတ်တမ်းငေးကြည့်နေမိသည်လားမပြောတက်။ ထိုအမျိုးသမီးပါးပြင်ပေါ်က ပါးမွှေးနုနုလေးကအစစမ်းရည်မြင်နေရသည်အထိလေ။

လေဆိပ်ရောက်တော့လဲ ထိုအမျိုးသမီးကသာ ဦးဆောင်ပြီးသူ့အားခေါ်သွားခဲ့လေသည်။ ထိုအမျိုးသမီးနှင့်အတူမြင်နေကျ ကောင်မလေးကိုတော့မတွေ့ပဲ မှုန်ကုပ်ကုပ်ကောင်လေးတစ်ယောက်ကိုသာ စမ်းရည်တွေ့လေသည်။

"ရှင့်အတွင်းရေးမှုးမပါဘူးလား"

"နှင်းက မြိုင်နဲ့ကျန်ခဲ့တယ်လေ နောက်ဆို မြိုင့်PA အဖြစ်နဲ့ပဲထားတော့မှာ တို့အတွက်ကတော့ ရတုရှိရင်အဆင်ပြေပါတယ် တို့ရဲ့ schedule ကိုတော့ နှင်းကဆက်ပြီးစီစဥ်ပေးနေမှာပါ"

"မြိုင်ဆိုတာရှင့်ညီမလား"

"အင်းဟုတ်တယ်လေ သူပြန်ရောက်နေပြီ အစကတော့ သူ့ကိုပါဒီကိုခေါ်လာမလို့ပါပဲ သူကဘယ်မှမသွားချင်သေးဘူးဆိုလို့လေ အဲ့တာကြောင့်ပါမလာတာ အော်ဒါနဲ့ အကြိုနေ့ကျရင် တို့မြို့တော်ဝန်မဏ္ဍက်သွားဖို့ရှိတယ် သမ္မတကိုယ်တိုင်ကဖိတ်ထားတာဆိုတော့မသွားလို့လဲမကောင်းလို့လေ အဲ့တာ လိုက်ခဲ့ပေးနော်ခလေးမ"

ဗုဒ္ဓေါ။ စမ်းရည်ဘုရားတမိသွားရပြန်သည်။ သူ့ဘာသာ သမ္မတကဖိတ်တာ စမ်းရည်နဲ့လားလားမှမသက်ဆိုင်နေတာကြီးကို သူ့ကိုလာခေါ်နေတာဒီအမျိုးသမီးပုံမှန်မှဟုတ်သေးရဲ့လား။

"တစ်မျိုးမထင်ပါနဲ့ခလေးမရယ် တစ်ခုခုဆို မင်းမျက်ဝန်းတွေကစကားတွေသိပ်ပြောတာပဲ မင်းအတွင်းစိတ်ကိုပါခန့်မှန်းလို့ရနေတာတွေတို့မကြိုက်ဘူး အထူးသဖြင့် တို့ကိုကလွဲရင် အဲ့ဒီ့စကားပြောတက်တဲ့မျက်ဝန်းတွေနဲ့တခြားသူတွေကိုကြည့်မှာတို့မလိုလားဘူး"

မူပိုင်ခွင့်ပုဒ်မWhere stories live. Discover now