*8*

1.8K 80 16
                                        

Unicode........

"မရောက်သေးဘူးလားဟင် ဦ

းတို့စုရပ်ကို......"

"အွန်း ကြာအုံးမှာ......."

ကြာတော့ကောင်းတာပေါ့ ။ဦးနဲ့အတူတူ အချိန်အကြာကြီး ပိုပြီးနီးနီးကပ်ကပ်ရှိတယ်။စုရပ်ရောက်သွားရင် ခုလိုနီးနီးကပ်ကပ်ရှိ

ပါ့မလားဆိုတာ မသေချာ။

"ဘာလို့လဲ ပင်ပန်းနေပြီလား......"

ထယ်ဟျွန်းသည် အထြပ်အပိုးများပြင်နေရာကနေ နောက်လှည့်ပြီးမေးလိုက်လျှင် ခေါင်းခါပြလာသော ကောင်လေးကြောင့် လုပ်စရာရှိသည်ကိုသာ ဆက်လုပ်နေလိုက်သည်။သူ၏အထုပ်ကို ဆွဲဖွင့်လိုက်တော့ သူတို့လိုသားရဲသတ်ဖြတ်သူအတွက် ဒဏ်ရာရလျှင် လိုအပ်သော ဖြေဆေးပုလင်းက ကုန်လေပြီ။

ထိုဆေးပုလင်းသာမရှိရင် သားရဲတွေနဲ့တိုက်ခိုက်ခြင်းမှ ရလာတဲ့ဒဏ်ရာတွေကို ကုစား၍မရတော့။ကုစား၍မရလျှင် သူတို့ဟာ သားရဲပုံစံ အသွင်ပြောင်းပြီး အသိစိတ်မဲ့ကာ သတ်ဖြတ်ခြင်းပါ ခံရတော့သည်။ထို့ကြောင့် ဖြေဆေးပုလင်းသည် သူတို့အတွက် လိုကိုလိုအပ်သောအရာပင်။

အရင်ချိန်တုန်းကတော့ ဖြေဆေးတွေပေါလောပဲလဲ ရပေမယ့် စစ်မက်ဖြစ်ပွားလာတော့ သူတို့အတွက် ဖြေဆေးပုလင်းထုတ်လုပ်သော သူဟာလည်း မထုတ်လုပ်နိုင်ဝော့ာပေ။ထုတ်နိုင်လျှင်တောင် ဖြေဆေးပုလင်းအတွက် ပေးရတဲ့အခကြေးငွေဟာသိပ်ကို ကြီးမားလွန်းသည်လေ။အဲ့ဒါကြောင့် ဒီနှစ်ပိုင်း သားရဲသတ်ဖြတ်သူတွေ နည်းပါးလာရခြင်းပင်။

"ဦးလို့ ....."

"ဟင် ပြော......"

"သားခေါ်တာ ကြာနေပြီ ဘာတွေစဉ်းစားနေတာလဲ....."

ဒီကောင်လေး ကိုယ့်ကိုကိုယ် သားလို့ပြောရင်ကို ထယ်ဟျွန်းမှာလန့်နေရဝာာ ။ အကြောင်းကား သားလို့ပြောလိုက်ပြီးတဲ့ နောက်ပိုင်း ပါးစပ်က ပေါက်တတ်ကရ ပြောတတ်လွန်းသောကြောင့်ပင်။

"အင်း ကိုယ့်ရဲ့ဖြေဆေးပုလင်း ကုန်သွားလို့....."

"ဒဏ်ရာရရင် သောက်တဲ့ဆေးလား......"

My Favourite Medicine (ရပ်နား)Where stories live. Discover now