chapter 98

375 27 0
                                    

Chapter 98
Chapter 98September 29, 2023
(ထမင်းထုပ်အတွက် ပြီးပြည့်စုံသောရမှတ်)

သုံးရက်အကြာတွင် ကျောင်းသားသစ်ဖလား၏ ဒုတိယအကျော့ အစားအသောက်အုပ်စုကို တရားဝင်စတင်‌ေပပြီ။

ဆီမီးဖိုင်နယ်အတွက် စည်းမျဉ်းများသည် ယခင်ပဏာမအဆင့်များနှင့် ကွဲပြားပြီး ပြိုင်ပွဲဝင် 300 ကျော် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပြိုင်ပွဲဝင်များသည် ဟင်းတစ်ပွဲသာပြုလုပ်ရန် လိုအပ်ပြီး အချိန်ကန့်သတ်ချက်မှာ 4နာရီဖြစ်သည်။

ယခင်ပြိုင်ပွဲနှင့်မတူဘဲ အကဲဖြတ်သူများနှင့် အရသာကို မြည်းစမ်းသူအားလုံးသည် ယခုတစ်ကြိမ်တွင် အမှတ်များကို သူတို့က ရွေးချယ်နိုင်မည်ဖြစ်သည်။ ဟင်းလျာများ၏ အရသာနှင့် ကုသရေးအကျိုးသက်ရောက်မှု စုစုပေါင်းရမှတ်သည် 100 မှတ်ဖြစ်သည်။

တရုတ်အစားအစာဖြစ်လျှင် 3 မှတ်ထည့်မည်ဖြစ်သလို ဇာ့ခ်အသားဖြစ်ပါက 3 မှတ်ထပ်ထည့်ပါမည်။ ပြိုင်ပွဲဝင်က နှစ်ခုလုံးပါအောင်ချက်ထားလျှင် ၁၀မှတ်ထပ်ပေးမည်ဖြစ်၏။ သူတို့ လက်ခံနိုင်သော အစားအစာကို ပြုလုပ်ထားသသည်ဆိုပါက နောက်ထပ် ၁၀ မှတ် ထပ်ထည့်ပါမည်။ စုစုပေါင်း အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံး အယောက်၁၀၀ သာလျှင် လက်တွေ့ကမ္ဘာတွင်ကျင်းပမည့် ဖိုင်နယ်တွင် ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။

ဒိုင်လူကြီးက 30 ယောက်ရှိပြီး သူတို့အားလုံးသည် ဧကရာဇ်မြို့တော် အစားအသောက်ကုထုံးသုတေသနစင်တာမှ ထိပ်တန်းအဆင့် အစားအသောက်ကုထုံးပညာရှင်များဖြစ်သည်။သူတို့ အကဲဖြတ်မည့် ရမှတ်များသည် စုစုပေါင်းရမှတ်၏ 60% ကိုဖြစ်သည်။

ထို့အပြင်၊ စျေးဝယ်ပလက်ဖောင်းမှရွေးချယ်ထားသော အရည်အသွေးမြင့်အစားအသောက် မြည်းစမ်းသူကလည်း ထောင်ပေါင်းများစွာရှိသည်။  ပလက်ဖောင်းသည် ဤအရသာစမ်းသပ်မှုအတွက် တရားမျှတပြီး စည်းမျဥ်းများကို လိုက်နာရန် သဘောတူညီချက်ကို မြည်းစမ်းသူများက လက်မှတ်ရေးထိုးရမည်ဖြစ်သည်။ အင်းဆက်အသား၏အရသာကိုလည်း လက်ခံနိုင်စေရန်အတွက် သူတို့သည် ဇာ့ခ်အသားကိုလည်း က်ြိုစားထားရမည်ဖြစ်သည်။ သူတို့ ပေးမည့် ရမှတ်များသည် စုစုပေါင်းရမှတ်၏ 40% ဖြစ်သည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now