Chapter (25)

2.3K 314 3
                                    


" ခုထိ ရှာမတွေ့သေးဘူးတဲ့လား။ ငါ့လူးလိုပဲ! ခင်ဗျားလူတွေက ဘာအသုံးကျလဲ "

လော့မိသားစုအိမ်တွင် လော့၀မ်ကျွင်းသည် အသံခပ်တိုးတိုးဖြင့် ဖုန်းထဲသို့အော်ဟစ်လိုက်သည်။ ထို့နောက်မှာတော့ ဖုန်းတစ်ဖက်ကလူ တစ်ခုခုပြောလိုက်ရာ လော့၀မ်ကျွင်း၏အမူအရာက အေးခဲသွားလေသည်။ သူကအားတင်းပြုံးလိုက်ရင်း

"တောင်းပန်ပါတယ်။ ခွင်းကော... ကျွန်တော်ဆိုလိုတာအဲ့ဒီလိုမဟုတ်ပါဘူး၊ ကျွန်တော် အစ်ကို့ကိုအဲ့ဒီလိုပြောဖို့မရည်ရွယ်...."

သို့သော်လည်း သူ့စကားမဆုံးခင်မှာ တစ်ဖက်လူက တစ်ဖက်သတ်ကြီး ဖုန်းချသွားလေသည်။

လော့၀မ်ကျွင်း အလွန်ဒေါသထွက်သွားရင်း သူ့လက်ကိုင်ဖုန်းကို ကြမ်းပြင်ပေါ်ပစ်ပေါက်ဖို့ ဟန်ပြင်လိုက်ပေမဲ့ အဆုံးမှာတော့ စိတ်ပြန်ထိန်းရင်း ကုတင်ပေါ် ပစ်ပေါက်လိုက်သည်။

သူခေါင်းလှည့်လိုက်သည်နှင့် ကြောက်စရာကောင်းသော အမူအရာ၊ ရက်စက်သော မျက်လုံးတွေရှိနေသည့် သူ့ကိုယ်သူကို ကိုယ်လုံးပေါ်မှန်ထဲမှာတွေ့လိုက်ရလေသည်။အထက်တန်းစားလူချမ်းသာမိသားစုက ကြော့မော့တင့်တယ်ကာ အေးဆေးတည်ငြိမ်သော အမျိုးသားကောင်းတစ်ယောက်နှင့် တူကိုတူမနေပါချေ။

သူဒီလိုပုံမျိုး ပေါက်မနေသင့် !

သူဟာ လော့မိသားစု၏ သခင်လေးဖြစ်နေပြီဖြစ်ပြီး ပြန်လာသည်မှာသုံးနှစ်ကျော်နေပြီဖြစ်သည်။ လော့၀မ်ဟောင်ကသာ သူ့ကိုအသိအမှတ်ပြုဖို့ ငြင်းဆန်မနေဘူးဆိုလျှင်၊ သူ့ကိုအရေးကြီးသည့်နေရာတွေကိုအတူခေါ်သွားမည်ဆိုလျှင်၊ သူ့အဆင့်အတန်းကိုသာ ကသိကအောက်ဖြစ်အောင် မလုပ်ခဲ့ဘူးဆိုပါလျှင် သူဟာ အဲ့ဒီကျင်းခွင်းလို အဆင့်အတန်းကို ငုံ့ခံနေစရာမလိုပါချေ။

အောက်တန်းစား လူမိုက်တစ်ယောက်ကများ.....။

သူက အဲ့ဒီလိုလူကိုခယပြီးအကူအညီတောင်းနေရတုန်း၊ မျက်နှာကြည့်နေရတုန်းတဲ့လား။

" အကြီးဆုံးသခင်လေးပြန်လာပါပြီ "

လော့၀မ်ဟောင်၏ကားက ခြံထဲကိုမောင်းဝင်လာခဲ့သည်။ လော့၀မ်ကျွင်း ပြတင်းပေါက်နားဆီသွားပြီး ကားထဲမှထွက်လာသည့် သူကိုကြည့်လိုက်သည်။ သူလက်သီးတင်းတင်းဆုပ်မိသွား၏။ ထိုညက သူ ဖွတ်ဖွတ်ညက်ညက်ကြေကာ ပွန်းပဲ့ဒဏ်ရာများဖြင့် ပြန်လာခဲ့ပြီး လော့၀မ်ချန်က သူ့ကိုတိုက်ခိုက်သည်ဟု ပြောခဲ့သည်။မည်သူမျှမယုံကြည့်ခဲ့ကြ။ မဟုတ်သေး။လော့၀မ်ဟောင်ကတော့ယုံသည်။သို့ငြား သူဘာပြောခဲ့ပါသနည်း။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now