part-13

465 60 38
                                    

အပိုင်း _၁၃.....

.....

အနမ်းတွေဟာ မြွတ်သိပ်လာသည်နှင့်အမျှ ရှူအာ့မှာ ဒူးများမခိုင်တော့ပဲ ခွေကျလာတော့သည်။ သို့သော် ဆော့မင်လက်တွေက ရှူအာ့ကိုခါးကနေ မ'ဆွဲထားတာမို့ ရှူအာဟာ သူ့လက်ထဲက ပလက်စတစ်အလုပ်လေးအလား သူပြုသမျှ ခံယူနေရရှာသည်။ နူးညံ့မှု အလျင်းမပါတော့တဲ့ ဆော့မင်အနမ်းကြမ်းတွေဟာ ဆယ့်ငါးမိလောက်အကြာမှ ရုတ်ချည်းရပ်တန့်သွားလေတာမို့ ရှူအာလည်း ထိုအခါမှ အသက်ကို အလုအယက်ရှူရတော့၏။

"ဟူး ဟောဟဲ...အဟွတ်အဟွတ်..."

နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ရင်ဘက်ကို လက်နဲ့ဖိကပ်ကာ ရှူအာ အသက်မနည်းရှူနေရပုံကိုကြည့်နေရင်း ဆော့မင် ခေါင်းထဲမှာ သားဖြစ်သူ ဆော့ယောင်းလေးကိုသာ တွေးနေမိတော့၏။

"ဟျောင်းပြန်တော့..."

ရှူအာက မျက်နှာငယ်လေးနဲ့ ပြန်မော့ကြည့်လာတော့ ဆော့မင် မျက်နှာလွှဲလိုက်ကာ အံကိုတင်းနေအောင်ကြိတ်ထားလေသည်။

"ဟျောင်းရဲ့ဖြစ်တည်မှုကို ကျွန်တော့်တစ်ကိုယ်‌ေရအာသာ‌ေပြဖို့အခွင့်ကောင်းယူလိုက်တယ်ပဲ မှတ်လိုက်ပါ။ ဒီလိုကိစ္စတွေ ထပ်မဖြစ်အောင် နောက်ထပ် ပေါ်မလာတော့ရင် ကောင်းမယ်"

"ဆော့..မင်နီး..."

"သားကို ရေချိုးပေးရဦးမှာ မလို့ ။ ဒီလောက်နဲ့ပဲ...."

ခြေလှမ်းကျဲတွေနဲ့ အိမ်အပေါ်ထပ်ကို ပြေးတက်သွားသော ဆော့မင်ကို ရှူအာတစ်ယောက် မေးခွန်းဆန်စွာကြည့်ရင်းကျန်ခဲ့ရသည်။ မလိမ်တတ်တဲ့ ဆော့မင် မျက်လုံးတွေကို ရှူအာ ဖတ်တတ်တာပေါ့၊ ဆော့မင်က သူစံစားရဖို့အတွက် တစ်ဖက်လူကို ခံစားရအောင် လုပ်မယ့်လူမျိုးမှမဟုတ်တာ။
ကလေးအဖေလေးက သူ့ကလေးအတွက်ပူနေတာ သိလိုက်ရတော့ ရှူအာ နောက်တစ်မျိုးတွေးရတော့သည်။

"စိတ်ချဆော့မင်..ကိုယ်မင်းကို ရအောင်ယူမှာ.."

.......

အိမ်ပြန်ရောက်တည်းက လေတချွန်ချွန်နဲ့ ကဆုန်ပေါက်နေတဲ့ ရှူအာ့ကို ဗာနွန်က မျက်စိနောက်နေသည်။ အောက်နမ်းခမ်းက ပေါက်နေပြီး အပေါ်နှစ်ခမ်းက ဖူးယောင်နေတာနဲ့တင် ဘာဖြစ်လာသလဲ ဗာနွန်သိတာပေါ့၊ ကိုယ်လည်း သူငယ်နပ်စားလေးမှ မဟုတ်တော့ပဲ။ပြောတော့ဖြင့်မိုးလားကဲလားနဲ့ အခုကြည့်တော့ သူအစားခံလာရတဲ့ပုံပါပဲ။ သို့သော် ဗာနွန်မကျေနပ်သည်က  မနေ့ကပြောတော့ဖြင့်‌ေဆာ့မင်ကိုကလေးအဖေ ကလေးအဖေနဲ့ ဟော အခုကျ ငါ့ရဲ့ စင်ဂယ်ဖားသားလေးကကို ပါးစပ်က မ‌ချတော့တာမို့ဖြစ်သည်။

သူ့မျက်၀န်းနဲ့ချည်နှောင်သည်Where stories live. Discover now