မှောင်မဲနေသည့် အလုံပိတ်ခန်းတစ်ခန်းတွင် ပစ္စည်းအချို့ရှိနေပြီး တိတ်ဆိတ်ချောက်ချားစရာနေရာဖြစ်နေသည်။
ထိုနေရာကို ရောက်လာသည့်လူတိုင်းမှာ ပြန်လမ်းမရှိ၊ ကျောချမ်းစရာနေရာပင်ဖြစ်သည်။
ဂျောက်!
ဂျေတစ်ယောက် ဆရာဖြစ်သူခိုင်းထားသမျှလုပ်ပြီးချိန်တွင် ထိုအခန်းထဲမှ ပြန်ထွက်လာမည့်အလုပ် တံခါးဖွင့်သံကြား၍ နောက်လှည့်ကြည့်လိုက်တော့။
ရက်စက်သည့်နေရာတွင် နှစ်ယောက်မရှိသောသူ ၊ လက်နက်၊မူးရစ်ဆေး စသည့် အလုပ်များလုပ်ကိုင်သူဖြစ်ပြီး မာဖီးယားနယ်ပယ်ထဲမှ မည်သူမှမထိရဲသည့် အကြီးဆုံးဂိုဏ်းဖြစ်သည့် C.Blacks ဂိုဏ်းခေါင်းဆောင်၊ လူများအမြင်တွင် ပြီးပြည့်စုံ၍ ချိုသာသည့်မျက်နှာထင်းပိုင်ရှင် စီးပွားရေးလောကတွင် အောင်မြင်ကျော်ကြားသည့် သူ။ ထိုလူက မျိုးရိုးကြီးထဲမှ အကြီးဆုံးမှအကြီးဆုံးဖြစ်သည့် Watanabe Haruto ။
"ဂျေ!"
"ဟုတ်ကဲ့ဆရာ"
"ဟိုကောင့်ကိုသွားခေါ်လာခဲ့"
ဒေါသသံပါနေသည့် အမိန့်အာဏာအပြည့်ဖြင့် ပြောလိုက်သည်ကြောင့် ဂျေ -ဟုတ်ကဲ့- ဟုပြောရင်းသာ ခပ်သွက်သွက် အခန်းထဲမှထွက် သွားလိုက်ရသည်။
ဂျေအခန်းထဲပြန်ဝင်လာတော့ ဆရာက ဆိုဖာပေါ်မှ ပလာယာအား ကိုင်ကာ ဆော့ကစားနေသည်။ ဂျေတစ်ယောက် ဆရာဖြစ်သူကိုကြည့်၍ သတွေးမျိုချမိသည်။
"ဆရာ ခေါ်လာပါပြီ"
ထိုအခါ ဂျေ လက်ထဲမှလူသည် ချည်နှောင်ထားသည့် ကြိုးများကိုရုံး၍ အော်ဟစ်နေသည်။
"အားးး! တောက်စ်! ငါ့ကိုလွှတ်စမ်း! မင်းတို့ကောင်တွေကို ငါတရားမဝင်အလုပ်လုပ်နေတယ်ဆိုပြီး ထောင်ထဲထည့်ပစ်မယ်!"
ဟာရူတို သူရှေ့မှ ဒူးထောက် အော်ဟစ်ကာ ခြိမ်းခြောက်နေသူအား ကြည့်၍ လက်ထဲက ပလာယာအားဝေ့ကာ အနားသွား၍
ဖြောင်း!
"ထောင်ထဲထည့်မယ် ဟုတ်လား ၊ ခင်ဗျားမှာ ဘာ ောက်ဆင့်ရှိလို့ ကျုပ်ကိုဒီလိုလာပြောနေတာလဲ!"
YOU ARE READING
𝗪𝗔𝗧𝗔𝗡𝗔𝗕𝗘
Fanfiction"မင်းကို ထိပါးလာတဲ့သူမှန်သမျှ ကိုယ်ခွင့်လွှတ်ပေးမှာမဟုတ်ဘူး" ဝါတာနာဘယ် ဟာရူတို