အပိုင်း_၁၄....
ဆော့မင်ဟျောင်းဆီမှာ အလုပ်လုပ်နေတာေခြာက်ရက်ကြာပြီဖြစ်ပြီး ဒီနေ့တော့ ဆိုင်မှာ လူကျတာမို့ ဆွန်းဂွမ်အိမ်ပြန်နောက်ကျခဲ့သည်။
တစ်ရွေ့ရွေ့နဲ့ အိမ်ပြန်ရင်း ညစာကို ဘာချက်ရင် ပိုအရသာရှိမလဲ တွေးနေမိတာမို့ သူ့နောက်မှာ လူတစ်ယောက်ပါလာတာကိုပင် သတိမမူမိခဲ့ပါ။ အရင်နေ့တွေက ညဘက်ဆို ဗာနွန်လာကြိုတတ်ပြီး သူ့ကို ဆော့မင်ဟျောင်းအိမ်အထိ လိုက်ပို့ပေးသည်။ ဒီနေ့တော့ ရောက်မလာသေးတာမို့ မလာတော့တာလား၊ မလာသေးတာလား အစရှိသည့်အတွေးများဖြင့် ဆွန်းဂွမ် ခြေလှမ်းများအား တမင်နှေး၍ လျှောက်နေမိသည်။ မကြာလိုက်ပါ လမ်းကြားတစ်ခုရောက်တော့ သူ့အား အမှောင်ထဲ ဆွဲခေါ်ပြီး ပါးစပ်ကို လက်နဲ့ပိတ်အုပ်ထားခဲ့သည့်လူတစ်ယောက်ကြောင့် ကျောရိုးများပင် ဆိမ့်အေးကြောက်လန့်သွားရေတာ့သည်။"အွန်း!...အွန့်း!!!!"
အလန့်ထညက်လေး မော့ပြီးရုန်းတော့ သူ့ကို ချုပ်ထားသူက ဗာနွန်ဖြစ်နေကာ သူ့ကို တိတ်တိတ်နေဖို့ အချက်ပြသည်။
"အွန်း!...ဗာန....အွန့်!"
အချက်ပြရုံနဲ့မငြိမ်တဲ့ကလေးဆိုးကြောင့် ဗာနွန် သူ့နှုတ်ခမ်းများကိုအသုံးပြု၍ နှုတ်ပိတ်လိုက်ရတော့သည်။ ဆွန်းဂွမ်၏နှုတ်ခမ်းများနဲ့ သူ့နှုတ်ခမ်းလွှာတို့ ထိတွေ့နေစဉ်မကြာလိုက်ပါ ဆွန်းဂွမ်အနောက် လိုက်လာသောလူကို ဗာနွန်တွေ့လိုက်ရပြီး ထိုလူကလည်း ဗာနွန့်ကိုတွေ့တာနဲ့ မျက်လုံးအိမ်များပြူးကျယ်လာကာ လက်ထဲကိုင်ထားသော ဓားပင်ပြုတ်ကျလာတော့သည်။
ဗာနွန်က ထိုလူ့ကို အဓိပ္ပာယ်ပါသော အကြည့်စူးစူးဖြင့်စိုက်ကြည့်လိုက်ပြီးတဲ့နောက် ဒီနေရာကထွက်သွားဖို့ အချက်ပြလိုက်သည်နှင့်တပြိုင်နက် ထိုလူမှာလည်း အသက်လု၍ ပြေးသွားရှာတော့သည်။ဒါကိုဆွန်းဂွမ်ကမြင်ဖြစ်အောင်မြင်သွားပြီး ပြုတ်ကျသွားတဲ့ဓားကိုပါတွေ့သွားတာမို့ လန့်ဖြန့်ပြီးဗာနွန့်ခါးကိုလာဖက်ချိန် ဗာနွန်က တင်းတင်းကြပ်ကြပ်ပြန်ဖက်ထားေပးလိုက်ကာ အနမ်းတွေအပေါ် အာရုံပြောင်းလာအောင် လှုံ့ဆော်ပေးလိုက်တော့သည်။

YOU ARE READING
သူ့မျက်၀န်းနဲ့ချည်နှောင်သည်(Complete)
Romanceverkwan fanfiction ခရီးသွားဂိုက်လေးနဲ့ ဆတ်ဆတ်ထိမခံတဲ့ တော်၀င်သွေးနှော English manလေးတို့နှစ်ဦး မတူညီတဲ့အကျင့်စရိုက်တွေကြား ထပ်တူကျသွားတဲ့အရာက.... start date_ may 13_2024 end date_ may 28_2024