<Unicode>
ဗိုက်လေးကိုပွတ်သပ်ကာစိတ်ထဲကပြောလိုက်ဖို့လည်းမမေ့ချေ....
ပါးပါးတို့ရဲ့အချစ်တွေနဲ့ကျန်းမားပျော်ရွှင်စွာလူလောကထဲဝင်ရောက်လာပေးပါခလေးရေ
ကိုယ်ဝန်စရှိထဲကအရှင်ကညီလာခံမသွားတော့ပဲသူ့အနားမှာသာတောက်တဲ့လိုကပ်နေကာပင်ပန်းတာမှန်သမျှဘာတစ်ခုကိုမျှမလုပ်စေပေ...
လျှင်မြန်စွာပင်အချိန်၉လကကုန်လွန်သွားကာဘုရင်အဆောင်တော်ရှေ့ဖန်စုံရှင်းမှာဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်နဲ့အလွန်တရာစိုးရိန်နေကာအမတ်တွေကလည်းသူ့အနောက်မှာရှိနေကြကာသွမ်စုကျန်းကလည်းသူ့သားငယ်ကိုစိတ်ပူနေသော်လည်းဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်နဲ့လုပ်နေတဲ့သမက်တော်ကြောင့်မျက်စိနောက်လာရကာပြောလိုက်သည်။
*အရှင်မင်းကြီးညိမ်ညိမ်လေးနေပေးပါလား...ကျွန်တော်တို့မျက်စိနောက်တော်မူနေပါပြီဘုရား*
*ယောက္ခမတော်ကလည်းကိုယ်တော်ကခလေးငယ်ကိုအရမ်းစိတ်ပူနေလို့ပါ*
သွမ်စုကျန်းပြန်ပြောဖို့ပင်ရှိသေးအထဲကသွမ်ချင်းရုံရဲ့နာကျင်စွာလေးငိုသံသေးသေးလေးကိုကြားလိုက်ရတာမလို့ဖန်စုံရှင်းကအလွန်ပင်စိတ်လှုပ်ရှားသွားကာသူ့ကိုအာရုံမရှိတော့တာမလို့မပြောတော့ဘဲလည်ချောင်းထဲပြောမည့်စကားတွေကိုပြန်မျိုချလိုက်သည်။
လက်သည်ကအနှီးထုပ်ေလးနဲ့ခလေးလေးတစ်ယောက်ကိုပွေ့ချီကာခေါ်ဆောင်လာပြီးဖန်စုံရှင်းရဲ့လက်ထဲထည့်ပေးလိုက်သည်။
*ဂုဏ်ယူပါတယ်မင်းကြီးသမီးတော်လေးကို
မွေးဖွားခဲ့ပါတယ်ခလေးရောလူကြီးရောကျန်းမားပါတယ်*
*ကောင်းတယ်...ဘဏ္ဏာတိုက်မှာခင်ဗျားအတွက်ဆုလာဒ်သွားထုပ်ယူလိုက်ပါ*
*ကျေးဇူးပါမင်းကြီး..ကျေးဇူးတင်ပါတယ်*
လက်သည်ထွက်သွားပြီးတော့ဖန်စုံရှင်းသူ့လက်ထဲကသမီးငယ်လေးကိုကြည့်လိုက်သည်။
ခလေးငယ်လေးကသူနဲ့အရမ်းတူကာချစ်စရာကောင်းလွန်းသည်။
တစ်ခုထူးဆန်းတာကခလေးငယ်ကသူ့ရဲ့ယခုလက်ရှိမျက်နှာနဲ့တူနေတာမဟုတ်ပဲသူ့ရဲ့ရှောင်းကျန့်ဆိုတဲ့ဘဝကမျက်နှာပေါက်နဲ့ဆင်တူနေတာဖြစ်သည်။
သူ့မူလမျက်နှာကိုသူမမှတ်မိသော်လည်းသူ့သမီးလေးကသူနဲ့အရမ်းတူကြောင်းကိုတော့အလိုလိုသိသည်။
