๋࣭ ⭑⚝

906 91 7
                                    

ခပ်ဖြေးဖြေးတိုးဝင်လာသည့်လေညှင်းလေးနှင့်အတူပါလာသည့် မြေသင်းနံ့ကိုရှူရှိုက်ရင်း ဂျုံဆောင်း ပြတင်းပေါက်တံခါးကိုဆွဲပိတ်လိုက်သည်။

နောက်ဆုံးအနေဖြင် အင်္ကျီသပ်ရပ်နေရဲ့လား၊ဆံပင်ပွနေသေးလား၊နာမည်ကဒ်စောင်းနေသေးလားစစ်ပြီးနောက် စားပွဲပေါ်မှလွယ်အိတ်ကိုယူကာ အခန်းပြင်သို့ထွက်ခဲ့လိုက်သည်။

မီးဖိုခန်းရှိစားပွဲပေါ်မှာအဆင့်သင့်ပြေထားပေးတဲ့ကော်ဖီပူပူနဲ့ပေါင်မုန့်ကိုခပ်သွက်သွက်လေးစားရင်းနှင့်ပင် လွယ်အိတ်ထဲတွင်စာအုပ်စုံရဲ့လားစစ်လိုက်သည်။

"ဂျုံဆောင်းသွားတော့လေနောက်ကျနေမယ်"

ကော်ဖီခွက်အလွတ်ကိုဘေစင်တွင်ဆေးနေရင်း အနောက်ဘက်ကနေမေမေ့အသံကြားလိုက်ရ၍ ခပ်မြန်မြန်ပင်ဆေးပြီးသားခွက်ကို ချကာလက်မှရေများကိုသုတ်လိုက်သည်။

"ဟုတ်မေမေပြီးပြီ"

လွယ်အိတ်ကိုဆွဲယူလိုက်ပြီး ဒီနှစ်အတွင်းအရပ်‌ရှည်လာသောဂျုံဆောင်းနှင့်အနည်းငယ် အရပ်ကွာဟမှုရှိသွားပြီဖြစ်တဲ့ မေမေ၏ပါးကိုနှာခေါင်းထိပ်နှင့် ဖျက်ခနဲထိကပ်လိုက်တဲ့အခါ မေမေ့မျက်နှာတွင် အပြုံးလေးဖြစ်ပေါ်လာရသည်။

"ညနေကျရင်ဆိုင်ကိုသူငယ်ချင်းတွေခေါ်လာမှာနော်"

"အေးပါသားရယ်"

မေမေ့ကိုနောက်ဆုံးတစ်ချက်တာ့တာလုပ်ပြီးနောက် ဂျုံဆောင်းအိမ်အပြင်သို့ထွက်လာခဲ့သည်။

ခြံထဲတွက်တော့ဖေဖေပြောင်လက်နေအောင်တိုက်ပေးထားတဲ့ဂျုံဆောင်းရဲ့ ဝယ်ထားတာတစ်ပတ်လောက်ပဲကြာသေးသည့် စက်ဘီးလေးကရှိနေသည်။

ထိုစက်ဘီးလေးကိုမြင်သည်နှင့် တစ်စုံတစ်ယောက်ကိုသတိရသွားသည်မို့ ဂျုံဆောင်းစိတ်ကျေနပ်စွာပြုံးလိုက်တော့သည်။

๋࣭ ⭑⚝

"ကင်မ်ဆောလ်နူး ကြက်ကြော်တွေချည်းပဲသွပ်မနေနဲ့ အကြံလေးဘာလေးလဲပေးဦး"

ဂျုံဆောင်းကပြောသည့်အခါ ဆောလ်နူးကကြက်ပေါင်တစ်ဖက်ကိုပါးစပ်ထဲကိုက်နေရာကနေ‌မော့ကြည့်လာသည်မို့ ဂျုံဆောင်းစိတ်လေသွားသည်။

𝒮𝑒𝓃𝓉𝒾𝓂𝑒𝓃𝓉𝓈 𝒰𝓃𝓋𝑒𝒾𝓁𝑒𝒹/sungjeng/Where stories live. Discover now