BWL part 5

12 1 0
                                    

ာင်ထင်မြတ်သည် ထိုနေ့တွင်မိုးသည်းနေသော ကြောင့် ကျောင်းမတက်တော့ဘူးဟု ဆုံးဖြတ်ကာ အိမ်ထဲတွင်နေနေသော်လည်း မတက်ပါက စာတွေပြန်ကူးရမည်မှာ များသောကြောင့်မိုးကာဝတ်ကာထွက်လာခဲ့လိုက်သည်။

*အားလုံး သတိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြု နေမြဲ*

ကျောင်းဝန်းထဲရောက်တော့ နိုင်ငံတော်အလံပင် အလေးပြုနေကြပြီ။ထို့ကြောင့်အလေးပြုတာကိုရပ်နေရသေးသည်။ပြီးမှပြေးလာပြီး အခန်းဝမှာ မိုးကာချွတ်ဘာညာလုပ်ရသည်။မိုးစိုနေသောကျောင်းစိမ်းကို အသစ်လဲရမည်ဖြစ်၍ စာသင်ခန်းဘေးမှ အခန်းလွတ်ထဲသို့ဝင်ပြီးလဲရသည်။သူလဲနေစဉ်ပင်တစ်ယောက်ကဝင်လာသည်။

"ဟာ ဘာလားဟ"

ဟိုဘက်ကကောင်လေးမှာသူ့ကို ဂရုပင်မစိုက်။မြင်ဖူးသလိုရှိသော်လည်း သူသေချာမမှတ်မိ။လုပ်စရာရှိတာဆက်လုပ်သည်။ရှက်တော့မရှက်သော်လည်း နည်းနည်းတော့ လန့်သည်မို့ အမြန်လဲပြီးပင်ထွက်လာခဲ့တော့သည်။
-------------------------
မိုးရွာနေသောကြောင့် ကျောင်းမသွားတော့ဘူးဟုတွေးထားသော်လည်း မနေ့ကစခဲ့တဲ့ တွေ့ခဲ့တဲ့ချာတိတ်အားတွေ့ခြင်သောကြောင့် ထီးစောင်း၍ပင်စက်ဘီးနင်းကာ ထွက်လာခဲ့သည်။လမ်းထိပ်နားရောက်တော့ အိမ်ထဲမှ မိုးကာနှင့်ထွက်လာသူမှာ ချာတိတ်ပင်ဖြစ်မည်။သူလှမ်းခေါ်မည်လုပ်သော်လည်း မိုးရွာထဲတွင် သူ့အသံကို  ချာတိတ်ဘယ်လိုမှမကြားနိုင်။ထို့ကြောင့် နောက်ကနေမနီးမဝေးအနေအထားဖြင့်သာ လိုက်လာခဲ့သည်။မသေချာသော်လည်း မသိစိတ်ထဲမှ သိနေသည်မှာ ချာတိတ်သည်လည်း ( အ.ထ.က )တွင်တက်မည်ဟု သူထင်နေခြင်းပင်။

ချာတိတ်ကတော့ ဘာမှမတွေးအား စက်ဘီးကိုအသားကုန်နင်းကာ သွားနေသည်မှာ မလွဲပါ။သူထင်သည့်အတိုင်း (အ.ထ.က)ကျောင်းဝန်းထဲသို့ တည့်တည့်မတ်မတ်ကိုဝင်သွားပါတော့သည်။ကျောင်းဝန်းထဲရောက်တော့ ကျောင်းခေါ်နေပြီဖြစ်သည်။နိုင်ငံတော်အလံကို အလေးပြုပြီး အဝတ်လဲရန် ဂိုထောင်ခန်းထဲသို့သာဝင်ရသည်။ချာတိတ်က ရှေ့ကနေ တန်းနေအောင် ဝင်သွားသည်။သူခနတော့ စောင့်မလို့လုပ်နေသော်လည်း ခုအချိန်မှာ မြန်မာစာဆရာမ မလာ၍ သင်္ချာဆရာမက တစ်မနက်လုံးဝင်မည်ဟုသိထားသောကြောင့် မစောင့်တော့ပဲ ဝင်ချသွားလိုက်သည်။

Building with love (ချစ်ခြင်းဖြင့်ဖွဲ့စည်းသော်) Uni+Zawgyi Where stories live. Discover now