ရေချိုးပြီးနောက် ဆံပင်မခြောက်တစ်ခြောက်နှင့် ညဝတ်အင်္ကျီနက်ပြာရောင်လေးဝတ်ကာလိုက်ကာတွေဖယ်လျက် တောအုပ်စိမ်းစိမ်းလေးလေးတွေကို ကြည့်နေသောကောင်လေးတစ်ယောက်။အသက်ကို ဝအောင်ရှူပြီးသက်ပြင်းချရင်းအခန်းထဲ ပြန်ကြည့်တော့ စားပွဲပေါ်ရှိကိတ်မုန့်လေးကိုငေးကြည့်နေမိသည်။သူ့အတွက် သူစိမ်းတစ်ယောက်ကလုပ်ပေးတဲ့ မွေးနေ့ကိတ်။
အိမ်ရောက်တော့ ဦးငယ်က နေလို့မကောင်းဘူး ဟုဆိုကာ Dinner ဖျက်လိုက်တာကြောင့်သွားစရာမလိုတော့ပေ။
လျှောက်လာပြီး Sofa တွင်ဝင်ထိုင်ကာကိတ်မုန့်လေးကို ကြည့်လိုက်တော့ မစားရက်လောက်အောင်ပင် ချစ်စရာကောင်းနေသည်။ ချယ်ရီသီးတွေးအပြင် ဘာ အပိုစာသား မှ မပါဘဲ "Happy Birthday,Jihoon" ဆိုတဲ့စာသားလေးကြောင့် ကိတ်ကိုပင်မခွဲရက်။ဘာပကာသနမှ မပါဘဲနဲ့တောင် Soonyoung ရဲ့စေတနာကို သူအတိုင်းသားမြင်နေရသည်။တစ်ခါတစ်လေတော့လည်း သူ့အတွက်ဆို ပြာယာခတ်နေတတ်ပြီး ကို့ယို့ကားယားနိုင်ပေမယ့်လည်းမျက်လုံးထဲကန့်လန့်ဖြစ်မနေပါ။ Jihoon သူ့ကိုယ်သူ ပြန်တွေးနေမိသည်။ငါဟာ ယောကျာ်းတစ်ယောက်ဖြစ်ပါလျက်နဲ့ဘာလို့ အခုလိုတွေ ထင်နေရတာလဲ။တကယ်ဆို သူက ငါ့ရဲ့ Bodyguard သပ်သပ်ဘဲလေ။
စိတ်တို့ ရှုပ်ထွေးလာပြီးနောက် ကိတ်ကို ယူကာအခန်းထဲရှိ refrigerator အသေးလေးထဲပစ်ထည့်ထားလိုက်တော့သည်။
------------------------
တစ်ဖက်မှာတော့ ခြံဝန်းထဲရှိ ခုံတန်းလေးပေါ်ထိုင်ကာ ကောင်းကင်ကို မော့ကြည့်နေတဲ့ Soonyoung။ဘောင်းဘီအနက်အရှည်နှင့် အင်္ကျီလက်တိုဝတ်ကာ အပေါ်ထပ်အပါးလေးကို ခြုံထားသည်။ဆောင်းဦး ရောက်ပြီမို့ ရာသီဥတုမှာ အေးနေသော်လည်း Soonyoung ရင်ထဲမှာတော့အစိုင်အခဲတစ်ခုကြောင့် ပူလောင်နေရသည်။
Jihoon ရဲ့ လက်ဖဝါး နုနုလေးထက်တွင်သွေးများစို့နေသည်မှာ သာမန်မဟုတ်ကြောင်းတွေးနေမိသည်။အမွေဆက်ခံပွဲမတိုင်ခင်ညကလည်းသူ့ကို မခေါ်ဘဲ အပြင်ထွက်သွားသေးသည်။ အင်းလေ။ သူ့အလုပ်က လူမသိအောင်လုပ်ရတာဘဲ။ငါ့အလုပ်က သူ့ကို ကာကွယ်ဖို့ဘဲလေ။ဘာတွေဂရုစိုက်နေတာလဲ။
YOU ARE READING
𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️
Fanfictionချစ်ခြင်းမေတ္တာဆိုတာ လူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့ လှပတဲ့ အနုပညာလေးတစ်ခုပါ အနုပညာကို ခံစားဖို့ နူးညံ့တဲ့ နှလုံးသားတစ်စုံဘဲ လိုအပ်ပါတယ် 🤍