အပိုင်း_၁၆
"ရခဲ့လား ဂွမ်နီး..."
"အွန်း ရခဲ့တယ်ဟျောင်း...ဒါအကုန်ပဲ"
"ဖုန်းကရော"
"ဟျောင်းပြောတဲ့အတိုင်းလုပ်ခဲ့ပေမယ့် အချိန်မမှီလို့..."
ရှူအာဟျောင်းအားခပ်တိုးတိုးဖြင့် လူမသိအောင် ပြောနေခိုက် ဗာနွန်ရေချိုးခန်းထဲကထွက်လာတာမို့ ဆွန်းဂွမ် ပါးစပ်ပိတ်ကာ ပုံမပျက်ထိုင်နေလိုက်သည်။ထို့နောက်မျက်နှာမှာ အပြုံးတစ်ချက်ဖတ်ကနဲကောက်တပ်လိုက်ကာ ဗာနွန့်ကိုလှမ်းခေါ်လိုက်သည်။
"ဗာနွန်နီး ခေါင်းရေသုတ်မယ် ဒီလာထိုင်..."
"အင်း...."
Bathrobeတစ်ထည်သာ ၀တ်ထားသော ဗာနွန်က တုတ်ပြဓားပြမို့ ရှူအာဟျောင်းကတွေ့ပြီးရယ်တော့ ဆွန်းဂွမ်က ရှူအာ့အား မျက်စောင်းထိုးသည်။.
"ဟျောင်းမပြန်သေးဘူးလား..."
"ငါလား..."
"ဒီရက်ပိုင်း အလုပ်မရှိဘူးထင်တယ် ဆော့မင်ဟျောင်းက ပြန်မခေါ်သေးဘူးလား။ ညရောက်မှ ဖုန်းဆက်ပြီး ဟျောင်းနား အရှေ့ဘက်နန်းဆောင်ကကောင်မလေးတွေ ဝိုင်းကပ်နေတာပြောပြလိုက်ဦးမယ်..."
"Stop stop..သွားမယ် သွားမယ်။ မင်းအဲ့ပါးစပ်လေးကိုသာ ထာ၀ရပိတ်ထားလိုက်။ ဆော့မင်နီး သိသွားလို့ ပြဿနာရှာရင် မင်းတို့နှစ်ယောက်လည်း အရှင်မထားဘူးနော်"
ရှူအာခြိမ်းခြောက်တော့ ဆွန်းဂွမ်က လျှာထုတ်ပြောင်ကာ..
"လုပ်ရဲလား လုပ်ရဲလား ကျွန်တော်က အိမ်ရှေ့စံအလျောင်းလျာရဲ့ သတို့သားလောင်းလေ..."
"ရှီး...ရွံစရာလေးပဲမင်း။ တော်ပြီ ဗာနွန် ငါပြန်ပြီ။ "
"အိုခေ ဘရို"
ရှူအာကမပြန်ခင် ဆွန်းဂွမ်ခေါင်းကို ပိတ်ရိုက်ခဲ့သေးတာမို့ ဆွန်းဂွမ်ထေအာ်ေတာ့ ဗာနွန်က ရယ်နေလျှက် dryerယူပြီး ဆွန်းဂွမ်အရှေ့သို့ရောက်လာခဲ့သည်။
"မင်းအနေအထိုင်မဆင်ခြင်လို့ အဲ့တာ..."
"ကိုယ်ကဘာလုပ်လို့လဲ...."
"မင်းရဲ့ထွားကြိုင်းမှုကို လူတိုင်းလိုက်ပြနေတာလေ"
"ဟာကွာ..boo ဘယ်လိုတွေပြောနေတာလဲ"

YOU ARE READING
သူ့မျက်၀န်းနဲ့ချည်နှောင်သည်(Complete)
Romanceverkwan fanfiction ခရီးသွားဂိုက်လေးနဲ့ ဆတ်ဆတ်ထိမခံတဲ့ တော်၀င်သွေးနှော English manလေးတို့နှစ်ဦး မတူညီတဲ့အကျင့်စရိုက်တွေကြား ထပ်တူကျသွားတဲ့အရာက.... start date_ may 13_2024 end date_ may 28_2024