Zawgyi
ာတိတ်သည် 7 တန်းကျောင်းသားဖြစ်သည်ကို သူထိုနေ့တွင်ပင် သိခဲ့သည်။နောက်ရက်တွေမှာ တွေ့ဖြစ်မည်မှာမသေချာသောကြောင့် ချာတိတ်ကိုရင်းနှီးမှုယူဖို့ သူကြိုးစားရတော့မည်။ကံကောင်းထောက်မစွာပင် ချာတိတ်တို့အိမ်မှ ဘုရားနေကဇာတင် ဖိတ်စာသူ့အိမ်သို့ရောက်လာခဲ့သည်။
"မေမေ အဲ့အလှူကို သွားကူလုပ်ပေးဦးမှာမလားဟင်"
"အင်းပေါ့ သားရဲ့ ဘာလို့လည်း"
ရပ်ကွက်ထဲမှ အလှူတွေဆိုတစ်ခါမျှစိတ်မဝင်စားဖူးသော သားဖြစ်သူမှ ထူးခြားစွာထိုကဲ့သို့ မေးခွန်းမျိုးမေးလာခဲ့သည်။
"သားလည်း လိုက်မယ်နော် မေမေ"
"သားက ဘာလုပ်မလို့လည်း ခါတိုင်းလိုက်နေကျမှမဟုတ်တာကို "
"ဟာ မေမေကလည်း သားလိုက်ခြင်လို့ပါ။ရပ်ထဲရွာထဲလည်း တခါတလေ လိုက်ကြည့်ဦးမှပေါ့။မဟုတ်ရင် ရပ်ကွက်ထဲက သူတွေက သားကိုမသိဘဲနေဦးမယ်"
"ဟုတ်ပါပြီ ဟုတ်ပါပြီ သားသဘောလေ"
ဒေါ်ခင်သက်လွင် တစ်ယောက်သားဖြစ်သူကိုနားမလည်နိုင်သလိုသာကြည့်မိတော့သည်။
________________
အောင်ထင်မြတ်သည် အိမ်တွင်လူများနေ၍စိတ်ရှုပ်နေရာမှ ပို၍ပင်စိတ်ရှုပ်သွားတော့သည်။အဘယ့်ကြောင့်ဆိုသော် မိုးရွာသောနေ့ကတွေ့ခဲ့ရသော သူမှာ သူတို့အိမ်ကိုကူလုပ်ပေးရန်လာသော ရပ်ကွက်ထဲမှအန်တီတစ်ယောက်၏နောက်မှ စပ်ဖြီးဖြီးနှင့်ပါလာသောကြောင့်ဖြစ်သည်။ကျောင်းတွင်တွေ့ခဲ့သော မျက်နှာထားနှင့်ခြားနားစွာ ခုတော့ ပြုံးဖြီးနေသည်မှာ အမြင်ကတ်စရာပင်ကောင်းလှသည်။
"ထင်မြတ် သားရေ"
"ဗျာ "
"ဒီမှာ သားရဲ့ သူငယ်ချင်းတွေလာတယ်"
"လာပြီ အန်တီ"
သူ့ကို ငါကနာမည်တောင်မသိပဲ သူနဲ့ငါနဲ့ကပဲ သူငယ်ချင်းဖြစ်ရသေး။ဘယ်လိုလူစားမျိုးလည်း။
တွေးရင်းနှင့်ပင်အောက်ဆင်းလာခဲ့သည်။"ချာတိတ်"
"ဘာလည်း ငါ့မှာနာမည်ရှိပါတယ်ဆို"
YOU ARE READING
Building with love (ချစ်ခြင်းဖြင့်ဖွဲ့စည်းသော်) Uni+Zawgyi
Romanceဘုန်းတည်ကြည်+အောင်ထင်မြတ် ကျောင်းတဲ့နေစဉ်ကာလတည်းက မရှုပ်မရှင်းဖြစ်ခဲ့တဲ့ သူတို့ရဲ့ အချစ်ရေး ကိစ္စတစ်ခု။နှစ်အနည်းငယ်အကြာ အရင်ကကျောင်းတူတူတက်ခဲ့တဲ့ မြို့လေးမှာ နှစ်ယောက်ပြန်ဆုံကြရာမှ သူတို့ဇာတ်လမ်းလေး ဘာဆက်ဖြစ်ကြမလည်း။ ငြိမ့်ငြိမ့်လေးနဲ့သွားမှာမို့ အေ...