ထယ်ရယ်ကဟန်ဘင်းမွေးနေ့ကိုသွားဖို့လာခေါ်သည်။
ဟာအိုRosewood နဲ့ပြုလုပ်ထားတဲ့ violinကို caseထဲထည့်ပြီးအိမ်ရှေ့ထွက်လာခဲ့သည်။"ထယ်ရယ် စောင့်ရတာကြာသွားလား"
"မကြာပါဘူး"
"ဒါနဲ့ ဒါကြီးကဘာလုပ်ဖို့လဲ"
ထယ်ရယ်ကviolinကိုကြည့်ကာမေးဆတ်ပြလိုက်သည်။
"အော် ဒါလား ဟိုရောက်ရင်သိလိမ့်မယ်"
ထယ်ရယ်သဘောပေါက်သွားသည်။ဒါကြောင့် နေ့တိုင်းအလိုလိုဟာအိုတို့အိမ်ဘက်က violinအသံတွေကြားနေရတာကို။
ဟာအိုတစ်ယောက် violinမတီးဖြစ်တာအတော်ကြာခဲ့ပါပြီ
သူ့ရဲ့၀ါသနာကိုမအားပေးတဲ့အဖေကြောင့်ပေါ့။ ဒါကြောင့်ပဲသူ ကိုးရီးယားမှာအခြေချဖို့ဆုံးဖြတ်လိုက်တာ။သူလုပ်ချင်တဲ့အရာတွေကိုလုပ်ပြီး အေးဆေးပဲနေချင်တော့သည်။သူ့မှာအချိန်ကလည်းသိပ့်မကျန်တာကိုလည်းသူသိမှာပါ။ဒါပေမယ့် ကျန်ရှိနေသေးတဲ့အချိန်ခဏလေးမှာ သူချစ်ရသူကိုပိုင်ဆိုင်ချင်သေးတာကသူ့ရဲ့အတ္တလေး။
...
ဟာအိုတို့ဆိုင်ရောက်တော့ ဟန်ဘင်းတို့မိသားစုရယ် ကင်ဂယူဘင်းတို့မိသားစုရယ်မှလွဲပြီးကျန်တဲ့သူတွေမရှိ။
ဂယူဘင်းထိုင်နေတဲ့၀ိုင်းမှာသူတို့နှစ်ယောက်၀င်ထိုင်လိုက်သည်။
"ဟန်ဘင်းကရော"
"ဟန်ဘင်းဟျောင်းလား
အပြင်ခနထွက်သွားတယ်ပြန်လာလိမ့်မယ်"
"ဪ.."
ဟာအိုလည်းအရှေ့မှာရှိတဲ့မုန့်ကိုပဲထိုင်စားနေလိုက်သည်။
ဟန်ဘင်းပြန်ရောက်လာတော့ဟာအိုသူစီစဉ်ထားတဲ့အတိုင်းလှုပ်ရှားတော့သည်။
"ငါ သန့်စင်ခန်းခနသွားအုန်းမယ်"
ခဏကြာတော့ ဘယ်အချိန်ကပါလာမှန်းမသိတဲ့violinကိုတီးရင်းထွက်လာတဲ့ဟာအိုကိုမြင်တော့ပါးစပ်အဟောင်းသားနဲ့ကြည့်နေတဲ့ဟန်ဘင်း။
ဟန်ဘင်း ဂယူဘင်းတို့ကိုလှည့်ကြည့်လိုက်တော့သူ့ကိုပြုံးပြနေသည်။
YOU ARE READING
Once Again [BinHao]♡
Fanfictionအသက်ရှင်ဖို့မျှော်လင့်ချက်မရှိတော့တဲ့အချိန်ဟန်ဘင်းဆိုတဲ့လူသားလေးက ကျန်းဟောက့် အသက်ဆက်ရှင်ဖို့အကြောင်းပြချက်လေးတစ်ခုဖြစ်ခဲ့တယ်...