Unicode
" ကိုယ်သွားတော့မယ် "
ဂျီမင် နေပြန်ကောင်းတာ ၂ပတ်ကျော်ပြီ ။
သူ့ကို နှုတ်ဆက်ပြီး ဂျီမင်က အလုပ်
သွားသည် ။ ရွေးကောက်ပွဲ နီးလာပြီမို့
ဂျီမင်တွင် အလုပ်ပိုများလာသည် ။
ဂျီမင် ကားထွက်သွားသံကို သူကြားသည်နှင့်
သူ ထရပ်လိုက်သည် ။အစားအသောက်တချို့ကို ပြင်လိုက်ပြီး
စာကြည့်ခန်းဆီ ထွက်ခဲ့လိုက်သည် ။
အရင်လို ကြောက်ရွံ့မှု ၊ တုန့်ဆိုင်းမှု
မရှိတော့ဘဲ ပန်းချီကားနောက်က သံတံခါးကို
ဖွင့်ပြီး ဝင်လိုက်သည် ။" ဆယ်နာ ငါလာတယ်.."
ညစ်ပေနေတဲ့ အဝတ်အစားတွေနဲ့ ဆယ်နာက
အမှောင်ထဲကနေ တစ္ဆေတစ်ကောင်လို
တိုးထွက်လာသည် ။ သူမက မည်သည့်
စကားမှ မပြောပဲ ခပ်လှမ်းလှမ်းကနေ
အစားအသောက်များကို စိုက်ကြည့်နေသည်။"..လာစား....နင် ငါ့ကို မကြောက်ပါဘူး..."
အစားအသောက်တွေကို ချပေးလိုက်တော့
သူမက အပြေးလာစားသည် ။ တစ်ကိုယ်လုံး
ညစ်ထေးနေပြီး ဆံပင်ရှည်တွေကလည်း
ပွရှုပ်နေသည် ။ ရှည်လျားတဲ့ လက်သည်းတွေနဲ့ အစားအသောက်များကို အငမ်းမရ
စားနေသည် ။သူ ဆယ်နာကို အခုလို ကျွေးနေသည်မှာ
ဂျီမင် နေမကောင်းစဖြစ်ကတည်းက
ဖြစ်သည် ။ အခုဆို ဆယ်နာက သူ့ကို
မကြောက်တော့ပေ ။" ငါ နင့်ကို ခေါ်ထုတ်ပေးသွားမှာပါ...
ပြီးရင် နင့်ကလေးကို ငါရှာပေးမယ်.."သူနဲ့ ဆယ်နာကြားမှာ ပြဿနာတွေ ရှိခဲ့ပေမဲ့
ယခုလို ညှင်းဆဲခံနေရသည်ကို မျက်စိ
စုံမှိတ်ပြီး မသိချင်ယောင်ဆောင်နိုင်သည်
အထိ သူ့အသည်း မမာခဲ့ပါ ။ဂျီမင်၏ ကားအနက်လေးက ခြံထဲသို့
တဖန်ပြန်ဝင်လာ၏ ။ စာရွက်စာတမ်းအိတ်
ကိုင်ရင်း ဂျီမင်က အိမ်ထဲပြန်ဝင်လာသည် ။" ချစ်သော...."
ဒုတိယထပ်က မီးဖိုခန်းထဲမှာ ရှိမယ်
ထင်ခဲ့ပေမဲ့ မည်သူမျှ သူ့ကို စောင့်ကြို
မနေခဲ့ ။ သူ ရင်ထိတ်သွားသည် ။
သို့သော် အခန်းထဲမှာ ရှိနေမှာပါ ဟု
ဖြေသိမ့်လိုက်ပြီး ယူရန် ကျန်ရစ်ခဲ့သည့်
စာရွက်စာတမ်းများကို ထပ်ယူရန်
အိပ်ခန်းထဲ ဝင်ခဲ့လိုက်သည် ။
YOU ARE READING
Escape From The Oblivion
Fanfiction[Completed] PJM × JJK Don't try to remember about the chaotic past, just sleep in the Oblivion.