သူတို့စတွေ့ပုံသည် မဆန်းကြယ်သော်လည်း ရိုးရှင်းနေသည်လည်းမဟုတ်ပေ။ အို မေ့တာပဲ မိန်းမနှစ်ယောက်ဆိုကတည်းက ဆန်းကြယ်နေတဲ့ဇာတ်လမ်းမလား။ ဆက်ရမယ်ဆို အဲ့နေ့က...
"ဟိတ် YBSပေါ်က ကလေးမ ဟုတ်?"
YouTubeသုံးနေရင်း ရုတ်တရက်အင်စတာဂရမ်က စာဝင်လာခြင်းပင်။
"?"
"အစ်မမမှီရင်ဟန့်လက်မောင်းကိုကိုင်ထားဆိုတာလေ အယ် အစ်မဒီလောက်လှတာကို လွယ်လွယ်မေ့သွားတာလား။ သိပ်ဝမ်းနည်းတာပဲ"
ဖတ်နေရင်းနဲ့တောင် မျက်ခုံးတစ်ဖက်ပင့်မိသွားသည်။ ဆရာကြီးပါလားဟ။
"အော် အစ်မကိုး ဟန်ကရုတ်တရက်ဆိုတော့ အံ့ဩသွားတာ ဘယ်ကနေဘယ်လို"
"မင်းသူငယ်ချင်းက မင်းနာမည်ခေါ်တာကြားလိုက်လို့ အိမ်ရောက်တော့ ပျင်းနေတာနဲ့ ရှာကြည့်လိုက်တာ"
"ဪ"
"အရမ်းသူစိမ်းဆန်တာနော်ယူ"
မဟုတ်တာ အဲ့မေအိန္ဒြေထွဋ်ခေါင်ဆိုတဲ့အစ်မကို,က အခုမှသိတာကို ဆယ်နှစ်လောက်သိကျွမ်းလာသလို လာလုပ်နေတာမဟုတ်ဘူးလား ဒီမိန်းမသူကပဲတစ်ပြန်။
"အားနာပေမဲ့ ဟန်တို့အခုထိ မသိကျွမ်းသေးဘူးလားလို့လေ"
"ဟုတ်ပါရဲ့ ဘယ်လိုမျိုးဆိုရင်နှီးပြီလို့သတ်မှတ်သလဲ။ မဟုတ်မှ ဟန်နာကိုဆိုတဲ့နာမည်ကို အဖျားစွတ်ပြီးဘယ်သူနဲ့မှမတူအောင် ကိုလို့ခေါ်ရင်ရော တို့တွေရင်းနှီးပြီလား"
"ဆောရီးနော် အိပ်ချိန်ရောက်ပြီမလို့ Bye"
မေအိန္ဒြေထွဋ်ခေါင်သည် ဆွံ့အစွာဖြင့်သာ ကျန်နေခဲ့ရသည်။ အခုကသူ့ကိုချေမိုးသွားတာလား။ ဝါး သူ့လယ်ဗယ်ကအဲ့လောက်တောင်နိမ့်သွားတာ ငချွတ်လေးစီမှာ ချေမိုးခံလိုက်ရတာပဲ။ ဒေါသဖြစ်မိပေမဲ့ ထင်ရှားတဲ့မေရိုးနဲ့ western lookလိုမျိုး မျက်နှာကျ သိပ်ဆန်းတဲ့ငချွတ်မလေးဆိုတော့လဲ။
________________
"Hi"
Dryerမှုတ်နေရင်း phက Notiသံကြောင့် အလုပ်ကိစ္စလားဘာညာ အပြေးအလွှားသွားကြည့်မိတာ ထပ်ပြီး " May Eaindara Htut khung" တဲ့ ဒီတစ်ခါတော့ messenger ကနေဖြစ်လို့ ဘုရားတောင် တချင်မိသွားပြီ ဘယ်ကနေဘယ်လို သူ့အကောင့်ရသွားရပြန်တာလဲ။ နာမည်အရင်းထားပေမဲ့ lowkey profile သမားဆိုတော့ ရှာရလွယ်တဲ့ထဲတော့ ပါမနေတာထက် ရှာရလွယ်ရင်တောင် အဲ့မိန်းမဘာလို့ အဲ့လောက်ထိ သူ့အပေါ်စိတ်ဝင်စားမှုထားနေရတာလဲ။ အမလေးတရတဲ့အထိ စောက်ရမ်းလှလို့ သူတောင် YBSပေါ် ဖွန်ကြောင်ခဲ့ပေမဲ့ သူ့ကိုလာပလေးဖို့ တွေးတာတော့ လွန်တာပေါ့။
"တိုက်ဆိုင်လိုက်တာနော် people you may knowမှာပေါ်လာတာ ဆန်းကြယ်တယ်မထင်ဘူးလား"
mutal friend လည်းမရှိ နယ်ပယ်တွေလည်း ဆက်စပ်မှုမရှိ ယုံပေးမယ် အားကြီးကြီး။
"seenပဲပြတာလား ချေလိုက်တာ ဟွန့် "
"အစ်မဟန့်ကို စိတ်ဝင်စားလား?"
အမ်! ဒီတစ်ခါတော့ သူမဘက်က ဆွံ့အသွားရသည်။ ဘယ်လိုတောင် ပွင့်လင်းချက်လဲဟ။ စိတ်ဝင်စားတယ်လို့ဖြေရင် တန်းအငြင်းခံရနိုင်ပြီး နိုးပါဆိုရင်လည်း ညီအစ်မဇုန်ထဲရောက်ရင်ရောက် မဟုတ်ရင် ရည်းစားဖြစ်ဖို့မနီးစပ်ခင် ဝေးသွားရမှာဆိုတော့။ အာ ဘယ်လိုဟာလေးလဲ ဘယ်လိုဖြေရမလဲတွေးရင်း စာထပ်ဝင်လာသံကြောင့်....
"Date?"
????အများကြီးဖြစ်သွားရသည်။ အိမ်မက်လားဘာလား ရှော့ရမှုကြောင့် အမြန်လိုင်းပိတ်ကာ အိပ်ပျော်အောင်ကြိုးစားလိုက်ရသည်။
နိုးလာတော့ ဖုန်းဖွင့်ကြည့်တော့လည်း တစ်ကယ်အစစ်အမှန်ကြီး ။ ပြီးတော့ အဲ့တာအပြင် ဘာမှထပ်မပို့ထားပုံက အသည်းယားစရာ ဒါကသူ့အတွက်ကျ သာမာန်ပဲလား အို သူတော့ သားရဲတွင်းထဲဝင်မိတာလားမသိ။ ကြံရာမရတဲ့အဆုံး အချစ်ဆုံးသူငယ်ချင်းကို အကုန်ပြောပြပြီး အကြံတောင်းတော့ ကြားရတာ အားရစရာမရှိ။
"အမယ်လေး မယ်မင်းကြီးမရယ် နင့်အစားငါခေါင်းကိုက်လိုက်တာ She's red flag you know??? နင်ပြောတာဘာ သူ့ရုပ်က လုံးဝဗိုလ်ဆန်ပြီး ထင်းတာဆို နင်လည်းစောက်ရမ်းလှပေမဲ့ သူ့အနားလှလှလေးတွေ ဝိုင်းမနေလောက်ဘူးလား။ အဲ့တာထက် Straight တွေ Bisexual တွေဆိုတာတောင်မေးမနေပဲ သူ့ကိုလာရောနေတာသိပြီး တန်းDate?လို့ပို့တာကြီးကျ ။ ပြီးတော့ကျ နင့်ကိုအဖတ်လည်း မလုပ်ဘူးဆို။ အစကတည်းက ဒီလောက်နီနေတာကြီးကျ Blockလိုက်ပါဟာ အဲ့တာမှနောင်ရေးအတွက် စိတ်ချမ်းသာရမှာ"
"မဆဲနဲ့နော် ငါစောနက Oki'လို့ပို့ပြီးပြီ သူပြန် delete သွားမှာစိုးလို့"
"ဗုဒ္ဓေါ"