အပိုင်း (၁)U/Z

667 35 7
                                    

Unicode

၂၀၂၀ခုနှစ် မတ်လ ၁၂ရက်နေ့....

လေတစ်ဖြူးဖြူးတိုက်ခတ်နေတဲ့အချိန်။
ရာသီဥတုမှာတိမ်စိုင်များဖုံးအုပ်လျက်နေရောင်
ခြည်ပျောက်ကွယ်လုလု။။
မြေသင်းနံ့ခပ်သင်းသင်းအနံ့သည်လဲရောရှပ်လျက်။
နေ့ခင်းကနေပူထားသည့်အရှိန်ကြောင့် ကတ္တရာလမ်း
မှာ အပူငွေ့အနည်းငယ်ဟပ်နေသေးသည်။
လမ်းမကြီးတစ်လျှောက်ကားအသွားအလာများသော
ကြောင့် ဖုန်အနည်းငယ်ထလျက်။
အှုံ့မှိုင်းမှိုင်းရာသီဥတုအခြေနေကြောင့်ကောင်းကင်
အားတစ်ချက်မော့ကြည့်လိုက်ရင်း ပါလာသည့်
အထုတ်ကြီးအထုတ်ငယ်တို့အားဘေးနားတွင်
ချထားလိုက်သည်။

ဘေးဘီဝဲယာသို့အနည်းငယ်အကဲခတ်ကြည့်
မိ၏။ခပ်လှမ်းလှမ်းမှမြင်နေရသည့်express
ကားများမှာတစ်စီးထက်မ‌နည်းပေ။
မြေသင်းရနံအားပျောက်ကွယ်လုသည်အထိ
နှာခေါင်းဝသို့တိုးဝေ့လာသည့်ကားဆီစက်အနံ့
ကြောင့်မျက်မှောင်ကြုံ့မိလိုက်သည်။
မန္တလေးကားကြီးကွင်းမှာ မိုးများအုံးဆိုင်း
နေသောကြောင့်တစ်ချို့ဆိုင်ခန်းလေးတွေ
ပင်သိမ်းဆည်းနေကြပြီဖြစ်သည်။
ဟိုဟိုဒီဒီသွားလာလှုပ်ရှားနေသူများလည်းရှိ‌နေဆဲ။
ဈေးဆိုင်မျိုးစုံလေးတွေလဲတွေ့ရလိမ့်မည်။
မန္တလေးသို့လာရင် မန္တလေးရဲ့အစားအစာ
မြင့်မြင့်ခင်ထိုးမုန့်ဆိုင်လေးတွေကတော့မပါမဖြစ်။
ဈေးဗန်းလေးတွေနှင့်သရေစာမျိုးစုံ ရှူဆေးဘူး လက်သည်းညှပ် နားဂွမ်း စသည့်
ပစ္စည်းကရိယာအစုံကိုလိုက်လံရောင်းချနေသည့်
၇နှစ်၈နှစ်သာသာကလေးငယ်လေးတွေကို
လည်းမြင်တွေ့ရလိမ့်မည်။
ထိုအရွယ်လေးတွေမှာ မိဘရင်ခွင်အောက်မှာ
ခိုလှုံရမည့်အရွယ်လေးတွေပင်။
သို့သော် အရွယ်လေးတွေနှင့်မှမလိုက်လောကဓံရဲ့ ကြမ်းတမ်းမှုကိုစတင်ခံစားနေကြရပြီ။

"ငါတူ ဒီမယ်ရန်ကုန်သွားမှာလား အားမနာနဲ့ ဒီနေ့အမှီဆိုကားလက်မှတ်ဖြတ်တာ ဦးလေးတာဝန်ထား ဒီနေ့ည၇နာရီထွက်မယ့်ကားရှိတယ်"

ဘေးနားမှ အသက်၄၀ကျော်ခန့်ရှိမည့်ဦးလေးက
အနည်းငယ်ဟောင်းနေပြီဖြစ်သည့် ဘေးလွယ်အိတ်
လေးအားလွယ်ထားကာသူ့ဘေးနားသို့လာရင်း
ဆက်တိုက်ဆိုသလို စကားများပြောလျက်။
တစ်နေကုန်နီးပါးကားစီးလာရသည့်စိတ်များကြောင့်
လူကနုန်းနေပြီဖြစ်သည်။
အားနာနာနှင့်ပြုံးပြရင်း ခေါင်းအသာခါရမ်း
ပြလိုက်သည်။

နှောင်ဖွဲ့ချစ်ခြင်း(Ongoing)Where stories live. Discover now