🪐

45 4 4
                                    

ချစ်ခြင်း မေတ္တာ လို့ ပြောရင်
လှည့်စားခြင်းခံခဲ့ရတဲ့သူတွေအတွက်ကတော့
ကြောက်မက်ဖွယ်ရာပါ။
Trauma တွေက အချိန်တိုင်း နှိပ်စက်ကာ
ယုံကြည်ရန် ခွန်အားမရှိတော့တဲ့အချိန်
အတိတ်တွေနဲ့ အနာဂတ်ကို ဖုံးလွှမ်းထားတဲ့အချိန်
မြူမှုန်တွေပြည့်နှက်ပြီး ရှေ့မဆက်ရဲပဲ ရပ်နေမိတဲ့အချိန်
လွတ်လမ်းကိုရှာမတွေ့တော့တဲ့အချိန်
အထီးကျန်မှုကိုကြာရှည်စွာ ခံစားနေရတဲ့အချိန်
အမှောင်အတိ ဗလာနတ္ထိ လွှမ်းခြုံနေတဲ့အချိန်
ချောက်ကမ်းပါးအစွန်းမှာ ရပ်နေမိတဲ့အချိန်
အရာအားလုံးကို ကြောက်ရွံ့နေမိတဲ့အချိန်

ထိုအချိန်တွေမှာ ကမ်းလာတဲ့လက်တစ်စုံကို ဖမ်းဆွဲထားနိုင်ပါ့မလား။
သံသယတွေ အခက်အခဲတွေကို ဖြတ်ကျော်နိုင်ပါ့မလား။
လက်တစ်စုံပိုင်ရှင်လည်း ဖမ်းဆွဲမယ့်အချိန်အထိ စောင့်ဆိုင်းနိုင်ပါ့မလား။

သူတို့နှစ်ယောက်‌ရင်ဆိုင်ရမယ့်အခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလား?

"မင်းက နေရောင်ခြည်လေးဆို ကိုယ်ကသန်းခေါင်ယံမိုး ဖြစ်မယ်ထင်တယ်‌ ဆူဘင်း"

ချွဲယွန်ဂျွန်း

"ကျွန်တော်ကတော့ ခင်ဗျားကို နေကြာပန်းလေးပဲ ဖြစ်စေချင်လိုက်တာဗျာ"

ချွဲဆူဘင်း

Him & IWhere stories live. Discover now