Part (11)

217 36 17
                                    

Motorbike စီးရသည့် ခံစားချက်ကတိမ်တွေပေါ် ရောက်သွားသလိုပင်။ Training Room သွားရမှာ စောနေသေးတာကြောင့်Soonyoung တစ်ခါက ခေါ်လာဖူးသည့်ပင်လယ်သို့ မောင်းခိုင်းလိုက်သည်။ ပင်လယ်လေကို ရှူရှိုက်ပြီး ပြန်ထုတ်လိုက်တဲ့လေနဲ့အတူ စိတ်ဖိစီးခြင်းတွေကိုမှာ လွှတ်ထုတ်လိုက်သည်။

ပင်လယ်ကြီးမှာ အလွန်မှ ကျယ်ပြန့်သော်ကြောင့် ရေလှိုင်းသံများနှင့် လှိုင်းပုတ်သံမှလွဲ၍ တခြား အသံမကြားရ။တကယ်ကို တိတ်ဆိတ်ပြီးအေးချမ်းတဲ့နေရာလေးဖြစ်သည်။ အိမ်ထဲမှ အိမ်ပြင်တော်ရုံမထွက်တဲ့သူမို့ ဆိုးလ်မှ အရာတိုင်းသည်သူ့အတွက် အထူးအဆန်းဖြစ်နေသည်။

နောက်တွင်ရပ်နေသော Soonyoung ကို တစ်ချက်လှည့်ကြည့်လိုက်မိရာ တိတ်ဆိတ်ငြိမ်သက်စွာပင် သူ့ကို
ကြည့်နေသည်။

လက်တွင်ပတ်ထားသော နာရီကို ကြည့်လိုက်တော့ အချိန်မှာ 9 နာရီခွဲသာ ရှိသေးသည်။ တကယ်ဆို ဒီလောက်ထိစောထွက်လာရန်မလိုသော်လည်း Soonyoung ရဲ့ တလွဲအထင်နှင့် ဒီကို ရောက်လာခြင်းဖြစ်သည်။သူကိုယ်တိုင်ကလည်း စောစောနိုးနေတာကိုး။

ရုတ်တရက် Soonyoung က

"Boss ဗိုက်ဆာနေပြီလား" လို့ မေးလာသည်။

ဟင်။ ငါဘာမေးလိုက်တာပါလိမ့်။စောစောကမှ သူမနက်စာ စားတာကို ငါတွေ့ခဲ့တာလေ။ဘယ်လို အူကြောင်ကြောင်နိုင်တဲ့ မေးခွန်းကြီးလဲ။တကယ်တော့ ပြောစရာစကား အစရှာနေချိန် သူ့ဗိုက်ထဲက မြည်လာတဲ့အသံကြောင့် မေးမိမေးရာ မေးလိုက်ခြင်းပင်။

မျက်မှောင်တို့ကြုံ့ကာနောက်လှည့်ကြည့်ပြီး

"ငါ မဆာသေးပါဘူး မင်းဆာလို့လား"

"မဆာသေးပါဘူးဗျ"

ဂွီ...***

ဗိုက်ထဲက ကောင်က အလိုက်မသိစွာထအော်နေလေသည်။

"မင်းကသာ မဆာတာ အစာအိမ်ကတော့ဟုတ်ပုံမရဘူး"

ဆိုတော့မှ ရှက်ကိုးရှက်ကန်းဖြစ်ကာ

"ဒီနားမှာ စားလို့ကောင်းတဲ့ ခေါက်ဆွဲဆိုင် တစ်ဆိုင်ရှိတယ် Boss ကိုးရီးယား ခေါက်ဆွဲအရသာ မြည်းချင်ရင် အဲ့ဆိုင်က အကောင်းဆုံးဘဲ"

𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️Where stories live. Discover now