Hey Rick! I love U♡

804 88 39
                                    

This fiction's for wren_babyyyn

▼ Kingdom of Albandica ❆⚔️

အယ်လ်ဘန်ဒီကာ။
ရေခဲနိုင်ငံတော်လို့ တင်စားရလောက်တဲ့အထိ အမြဲလို,လို နှင်းထုတွေဖုံးလွှမ်းနေတဲ့ မြောက်၀င်ရိုးစွန်းနဲ့နီးကပ်စွာတည်ရှိ‌နေတဲ့ နိုင်ငံငယ်‌လေး။

"ဒီနေ့ဘာလို့နောက်ကျနေရတာလဲ ဂယူဗင်း"

မိုးရွာသလို အဆက်မပြတ်ကျဆင်းနေတဲ့ နှင်းမှုန်တွေကြားထဲမှာ ခပ်နွမ်းနွမ်းအနွေးခြုံထည်တစ်ခုကိုသာ ဝတ်ဆင်ထားတဲ့ သူ့ကိုမှအားမနာစွာ အုတ်အမိုးအကာနဲ့နွေးထွေးတဲ့ အိမ်ထဲကထွက်လာတဲ့ အမျိုးသမီးကြီးက သားမွှေးအနွေးအထည် အထူကြီးကို၀တ်ပြီး ခိုက်,ခိုက်တုန်အောင် ချမ်းပြနေတယ်။

"နှင်းကအဆက်မပြတ်ကျနေတော့ သစ်ခုတ်ရတာအခက်အခဲရှိတယ်လေဗျ...ကျွန်တော်လည်းအချိန်မှီလာပို့တာဘဲဟာ "

"ထားပါတော့ ငါ့ဆီသာမြန်မြန်ထင်းတွေချပေးခဲ့ မင်းကရောက်မလာ‌‌တော့ ငါတို့မှာမီးဖိုမို့ ထိုင်စောင့်နေရတာ ကလေးတွေတောင်အေးနေပြီ"

ဂယူဗင်းက အိမ်ထဲကိုလှမ်းကြည့်တော့ မီးဖိုရှေ့မှာ အဆင့်သင့်ထိုင်စောင့်နေတဲ့ ကလေးငယ်တွေ။သူ့လည်း ဒီလိုမျိုးမိသားစုနဲ့ နွေးနွေး,ထွေးထွေးနေချင်မိသား။

ပေးစရာရှိတဲ့ ထင်းလုံးတွေကိုချပေးခဲ့တော့ သူ့အတွက်ရလာတဲ့ လုပ်အားခပိုက်ဆံက ငွေဒင်္ဂါး၅ပြား။ဒီငွေလောက်ဆိုရင်တော့ ရွန်ဘီစားဖို့အတွက်လည်း မုန်လာဥနီ၃လုံးလောက်တော့ရမယ်ထင်တယ်။

"နောက်ဆုံးတော့ ဒီနေ့အတွက် အိမ်တွေအကုန်လုံးကိုပို့လို့ပြီးပြီ ငါတို့ဒီနေ့ည ညလယ်စာဘာစားချင်လဲ "

ရွန်ဘီရဲ့ ခေါင်းကိုပွတ်ပြီး ပြောလိုက်တော့ သူ့ခန္ဓာကိုယ်ကြီးကိုမှအားမနာ ဂယူဗင်းရဲ့ ခန္ဓာကိုယ်ကို ရွန်ဘီကခေါင်းနဲ့တိုးပြီးချွဲတယ်။ရှည်လျားကော့ညွတ်နေတဲ့ ဦးချိုတွေက ဂယူဗင်းမျက်နှာကို လာထိုးမိမှာစိုးလို့တောင် မနည်းရှောင်လိုက်ရသေးတယ်။

"ငါသိပါတယ်ကွာ မင်းအတွက်ကမုန်လာဥဆိုတာ"

တစ်ယောက်တည်းမေး တစ်ယောက်တည်းဖြေလုပ်နေတာက အနည်းငယ်ရူးကြောင်,ကြောင်နိုင်လှပေမယ့် ဒါဟာသူနဲ့ရွန်ဘီကြားမှာဘဲ သိနေခဲ့တဲ့သီးသန့်ဘာသာစကားတစ်ခုလိုဘဲ။ဒီဖြူစွတ်စွတ်အမွှေးတွေနဲ့ဖုံးလွှမ်းထားတဲ့ ဆွတ်ဖားဆွဲတဲ့ဒရယ်ကြီးက ဂယူဗင်းရဲ့အဖေဖြစ်သူက သူ့အတွက်ပေးခဲ့တဲ့ နောက်ဆုံးလက်ဆောင်။

Royal Embrace Where stories live. Discover now