Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၂၉) --------
"နယောကိုရှာတွေ့ပြီမို့ စိတ်မပူနဲ့တော့နော်"
"လူနာရှင် ဘယ်မှာလဲ"
"....."
နယောအခန်းထဲမှ လှမ်းခေါ်လိုက်သည့်
အသံကြောင့် ဇိုင်းက ဖုန်းကိုကပျာကယာပိတ်ပြီး
မပြေးရုံတမယ် ခြေလှမ်းတွေနဲ့ အခန်းထဲဝင်ကာ
လူနာကုတင်ပေါ် မျှော်လင့်တကြီးကြည့်မိ၏။
နယော သတိမရလာသေးတာမြင်တော့
စိတ်ပျက်လက်ပျက်ဖြစ်သွားပေမဲ့လည်း
ဆရာဝန်မေးတာကိုတော့ ပြန်ဖြေပေးမိသည်။"ကျွန်တော်ပါ လူနာရှင်က"
"ဘာတော်သလဲ လူနာနဲ့က ... အမျိုးသားလား"
"ခင်ဗျာ...."
ရုတ်တရက်အမေးကြောင့်
ဇိုင်းအံ့သြကာ ဘာပြန်ဖြေရမည်မသိ။"ရှင်ကသူ့ရဲ့အမျိုးသားလားလို့မေးနေတာ"
" .... "
ဆရာဝန်အမျိုးသမီး၏စူးစမ်းသလို
လှည့်ကြည့်လာသည့် မျက်ဝန်းစူးစူးတွေကို
ဇိုင်း နည်းနည်းလေးမှသဘောမကျပေ။
ဘာကြောင့် အဲ့လိုတထစ်ချမေးသလဲမသိပေမဲ့
သူသာခုနေမဟုတ်ဘူးလို့ငြင်းခဲ့ရင်
နယောအပေါ် အမြင်စောင်းသွားတော့မည်မှာ
သေချာနေပါ၏။ ဇိုင်းကမျက်မှောင်ကြုံ့မိသည်။
နယောကိုတော့ဖြင့် သူများတွေထိုသို့ထင်တာကိုပင်
သူက လက်သင့်မခံနိုင်ပါ။"ဟုတ်ပါတယ်၊ ကျွန်တော်က သူ့ရဲ့အမျိုးသားပါ"
ကိုယ်တိုင် မဟုတ်မှန်းသိနေတာတောင်မှ
ထိုစကားကိုပြောထွက်မိချိန်မှာ
သူ့ရင်ထဲက မလှုပ်ခတ်ဘဲမနေနိုင်ခဲ့ပေ။
စိတ်လှုပ်ရှားမှုကြောင့် ဇိုင်းက
ဘယ်ဘက်လက်ကောက်ဝတ်ပေါ်
ညာလက်ထပ်တင်ရင်းနဲ့ ပွတ်သပ်နေမိသည်။
သတိမလည်လာသေးမှန်းသိပေမဲ့လည်း
နယော ကြားသွားမှာကိုစိုးတဲ့စိတ်နဲ့
လူနာကုတင်ပေါ်ကိုလည်း
တစ်ချက်လှမ်းကြည့်လိုက်သေး၏။သူ့ရဲ့ဝန်ခံမှုကြောင့် ဆရာဝန်အမျိုးသမီးက
စိတ်အေးသွားသလိုဖြစ်သွားပေမဲ့
တစ်ဆက်တည်းမှာပင် ဒေါသထွက်နေသလိုမျိုး
မျက်နှာထားနဲ့ သူ့အား ခပ်တင်းတင်း
စိုက်ကြည့်လာပြန်ပြီး၊