"ကျွန်တော်တို့ အတူမလာဖြစ်တာကြာပြီနော်အစ်ကို"
"အင်း တော်တော်ကြာခဲ့ပြီ"
လေပြေသည် ငြိမ့်ညောင်းစွာတိုးဝှေ့လျက်ရှိပြီး Hoseokလက်ထဲမှ အနီရဲရဲနှင်းဆီပွင့်များ၏ ရနံ့ကား လေပြေ၏သယ်ဆောင်ခြင်းနှင့်အတူ အစွမ်းကုန်မွှေးပျံ့လျက်။
အုတ်ဂူပေါ်ရှိ အဖြူရောင်ကြွေပြားချပ်များတွင် ဖုန်တွေတက်နေသည်မို့ Hoseokပါလာတဲ့ လက်ကိုင်ပုဝါနှင့်သူတ်လိုက်သောအခါ ထွင်းထုထားသော နာမည်စာလုံးများထင်ရှားစွာ ပေါ်လွင်လာသည်။
ဂျောင်ဆုန်းဟွာ 35နှစ်။"အပြန်ကြရင် ဆွန်းဒယ်စွပ်ပြုတ်ဝင်စားကြရအောင်"
.
.
.
.Hyunsooက ငယ်စဥ်တုန်းကအတိုင်း မပြောင်းလဲပေ။
ဆွန်းဒယ်စွပ်ပြုတ်ကို နှစ်ပွဲစားတတ်သည့်အကျင့်က မပျောက်သေး။"အစ်ကို ကျွန်တော်တောင်းပန်ပါတယ်"
"ရပါတယ် ငါနားလည်တယ် လူကြီးမင်းLorenzရဲ့ အမိန့်ကိုလွန်ဆန်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲလေ ဒါပေမယ့် အခုတော့ ထပ်ပြီးစိတ်ပူစရာမလိုအပ်တော့ဘူး မင်းရောငါရော အသက်ဝဝရှူနိုင်ပြီမို့"
"ဒါနဲ့ အစ်ကိုတကယ်အဆင်ပြေတယ်မလား အဲဒီလူနဲ့"
"မင်းကဘယ်လိုထင်လဲ"
Hyunsooက သူနှင့်jungkook၏ အခြေအနေအား မေးခြင်းဖြစ်သည်။
"အစ်ကို့အကြောင်းကို ကျွန်တော့်လောက်ဘယ်သူက သိမှာမို့လဲ"
Hoseokက ပြုံးလိုက်ပြီး Hyunsooကို ကြည့်လိုက်၏။
လည်ပင်းမှာထိုးထားတဲ့ အတောင်ပံပုံtattooအောက်တွင် ဒဏ်ရာအမာရွတ်ဟောင်းများရှိသည်ကို Hoseokသိသည်။
အတူတူရှင်သန်ဖို့ရုန်းကန်ခဲ့ကြရာမှ Hyunsooက သူ့ထက်ပိုခက်ခဲသော ဘဝကိုဖြတ်သန်းခဲ့ရသည်ကို အားနာမိသည်။
လက်ဖျံ၌ရှိသော ကန့်လန့်ဖြတ်ဓားဒဏ်ရာ၏ အမာရွတ်သည် အနည်းငယ်ကြည့်ရဆိုးနေ၏။"surgeryလုပ်လိုက်ပါဆိုကွာ အခုထိ အဲ့တိုင်းထားတုန်းလား"
"အစ်ကိုက ပေးတဲ့ဒဏ်ရာပဲလေ အမှတ်တရပေါ့"
"ဒီသောက်ရူးကတော့ကွာ လူကိုမကောင်းတဲ့လူလို ခံစားရအောင်လို့"
YOU ARE READING
Innocence But Devil
Fanficလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး