"နီရှီမူရာရီခီကို ကုန်းပိုးပြီးပြေးကြမယ်"
Chapter 1✨
2009 ခုနှစ် 7 လပိုင်း 22 ရက်
___________________"ရိုက်နေပြီလား!"
"ဝါးမိုက်လိုက်တာ!"
"ကြည့်လိုက် အဲ့တာ တကယ်လကြတ်နေတာလား!!!"
"လှလိုက်တာ"
"#@)£929@#;£;@+;#;£()"၆၁ နှစ်အကြာမှ လကြတ်နေတဲ့အတွက် လူအများစုဟာ လကြတ်ခြင်းကိုပဲပြောဆိုနေကြပြီး video တွေ Photo တွေ ရိုက်ကူးနေကြတယ် ။
"ခုနက အားလုံးပဲ ကောင်းကင်ကို ကြည့်လိုက်မိကြလားရှင့် ၊ ဒါတကယ့်ကို ၆၁ နှစ်ကြာမှ ဖြစ်လာတဲ့နေကြတ်ချိန်လေးဖြစ်သွားတာပါရှင့် ၊ နေထက် အဆ ၄၀၀လောက် သေးတယ် လကနေမင်းကို တဖြည်းဖြည်းဖုံးကွယ်သွားတဲ့ပုံကို မြင်ရတာ တစ်မျိုးလေးခံစားရသလိုပဲ ၊ ဘာလို့မှန်းမသိ မဖြစ်နိုင်မဲ့ကိစ္စတွေ ဖြစ်လာတော့မယ်လို့ ထင်ရတဲ့ခံစားချက်လိုမျိုး ငါ့ဆီမှာလည်း ဆန်းကြယ်တဲ့ ကိစ္စတွေဖြစ်လားမလားဆိုပြီး မျှော်လင့်မိတယ် ၊ နားဆင်သူတွေဆီကိုလည်း ဆန်းကြယ်တဲ့ ကိစ္စတွေ ရောက်လာမယ်လို့ မျှော်လင့်ရင်းနဲ့ပဲ သီချင်းလေးနားဆင်ရင်းနဲ့ နောက်တစ်ပိုင်းကို စတင်ပါတော့မယ် ။ "
ရုပ်သံလိုင်းတွေကလဲ အကြာကြီးနေမှ လကြတ်နေသည်ကိုပင် တင်ဆက်နေလျက်...
"ရား နောက်ကျနေပြီ မြန်မြန်လာကြ"
ဉီးလေးကြီးအရွယ် လူတစ်ယောက်မှ ဆယ်ကျော်သက် ကောင်လေး ငါးယောက်အား မြန်မြန်လာဖို့ပြောနေသည် ။"အာညော်ဟာဆယ်ယို Enha ပါဗျ သေချာလေးအကူအညီတောင်းပါတယ် "
ကောင်လေး ငါးယောက်ဆီမှ တစ်ပြိုင်နက်ထဲထွက်လာတဲ့ တက်ကြွနေတဲ့အသံကြောင့် ရုပ်သံဌာနထဲမှ လူများ ထိုကောင်လေးတွေကို အာရုံစိုက်မိလေသည် ။ထိုအချိန်
"ဟုတ်ပြီ ဒီထဲကိုဝင်သွားလိုက်နော် ကောင်းကောင်းလုပ်ခဲ့ကြနော်"
ရုပ်သံဌာနရဲ့ ဝန်ထမ်းတစ်ဉီးဆီမှ ထွက်လာသည့် စကား ။"ဒီလိုမျိုး အမိုက်စား Enha members တွေနဲ့ မိတ်ဆက်သွားပြီးတဲ့ နောက်မှာတော့ တက်သစ်စအဆိုတော်အဖွဲ့ Enha နဲ့ အတူ ဂိမ်းလေးကစားပြီး ရင်းနှီးမှုရယူလိုက်ကြမလားရှင့် "
ဘေးကုတင်မှ ကြားနေရတဲ့ radio ကနေလာတဲ့ အသံသဲ့သဲ့လေး
YOU ARE READING
리키 업고 튀어 ⭑⚝
Romance"နီရှီမူရာရီခီကို ကုန်းပိုးပြီးပြေးမယ်" "ကိုယ့်ရဲ့နူးလေးက ကိုယ့်ကို ကုန်းပိုးနိုင်လို့လား..ကိုယ်က'လေးတယ်..အာ..ကြောင့် ကိုယ်ကပဲ နူးလေးကို ကုန်းပိုးပြီး ပြေးလိုက်ရမလား" Rewrite by Lai Jae #Sunki #Enhypen #Lovely Runner #Credit