BWL part 7

8 1 0
                                    

Zawgyi

လူနှင့်သူခင်မင်လာခဲ့ပြီးနောက် ထိုလူ၏သူငယ်ချင်းနှင့်ပင်သူခင်မင်လာခဲ့ရပါတော့သည်။သူသိသလောက်မှာ ဘုန်းတည်ကြည် တွင်တစ်ဦးတည်းသော သူငယ်ချင်းမှာ ကိုထင်သစ် ပင်ဖြစ်သည်။ကိုထင်သစ်မှာ သူငယ်ချင်းတစ်ယောက်ရှိသော်လည်း ဘုန်းတည်ကြည်က ထိုသူကိုကို သူငယ်ချင်းမလုပ်။ထင်သစ်ကိုလည်း သူငယ်ချင်းမလုပ်ရန်ပြောသည်ကို သူကြားဖူးသည်။သို့သော် သူ့ကိစ္စမဟုတ်သည်မို့ သာမန်ပင်ထားခဲ့လိုက်တာဖြစ်သည်။

"ချာတိတ်"

ဝရန်တာတွင်ရပ်နေစဉ် ဘေးမှခေါ်လိုက်သော အသံကြောင့်လန့်သွားကာ ရုတ်တရက်လှည့်ကြည့်လိုက်ချိန် ဘုန်းတည်က တစ်စုံတစ်ခုကို ကိုင်ကာသူ့ကိုကြည့်နေသည်။

"ရော့ "

"ဘာလည်း ဒါက "

သူ့လက်ထဲကိုရောက်လာတဲ့ လေးထောင့်ဘူးလေးတစ်ခု။

"ဖွင့်ကြည့်လေ"

"ဟင် စာအုပ်လား"

"အထဲကို သေချာလှန်ကြည့်ပါဦး ကိုယ်တော်ချောရဲ့"

"ဟင်"

စာအုပ်ထဲမှာ ပန်းခြောက်ပေါင်းများစွာကို တိပ်အကြည်နှင့်ကပ်ထားကာ အောက်တွင်ရက်စွဲများနှင့်။

"ဒါ ဒါက ဘာလို့"

"ချာတိတ်ကိုလက်ဆောင်ပေးတာ ကိုယ်ငယ်ငယ်တည်းက အ့လိုမျိုးလုပ်လာခဲ့တာလေ။ဒီစာအုပ်က ပထမဆုံးတစ်အုပ်ပဲ။ခုကိုယ့်ဆီမှာရှိနေတာက သုံးအုပ်မြောက်။
တွေ့သမျှပန်းတွေခူးပြီးကပ်ထားတာတော့ မဟုတ်ဘူးနော်။ကိုယ်သဘောကျတဲ့ပန်းတွေကိုပဲ ကပ်ထားတာ"

"ကျွန်တော့်ကို ပေးတာ ဘာလို့"

"ဒေါင် ဒေါင် ဒေါင် ဒေါင်"

"အာ ကျောင်းခေါ်နေပြီ ကိုယ်သွားပြီချာတိတ်စာအုပ်ကိုသေချာသိမ်းထားနော်"

ပြေးသွားရင်းနှင့်ပင် အော်ပြောသွားသော ထိုသူနှင့်သူ့လက်ထဲတွင် ကျန်ခဲ့သောစာအုပ်တစ်အုပ်။ဘာတွေဘယ်လိုဖြစ်သွားမှန်းမသိပင်မဲ့ သူဘာစကားမှသေချာမပြောလိုက်ရ။အမြဲတမ်း ဒီလူနဲ့တွေ့ရင် အသိစိတ်လွတ်သွားသလိုမျိုး ကြောင်ပြီးရပ်နေမိတာကလွဲလို့ ဘာမှမလုပ်တော့ပါချေ။

Building with love (ချစ်ခြင်းဖြင့်ဖွဲ့စည်းသော်) Uni+Zawgyi Where stories live. Discover now