UNICODE
Sအဆင့် အယ်လ်ဖာ တစ်ယောက်၏ မှတ်ဉာဏ်ဖြင့် သူက ကျောင်းတွင်းရှိ ကျောင်းသား အားလုံးကို မမှတ်မိနိုင် သော်လည်း ဝန်ထမ်း အသစ်အဟောင်း အားလုံးကို မှတ်မိသည်။ လက်ရှိ တာဝန်ကျနေသော ကျောင်းကောင်စီ အဖွဲ့ဝင်များကိုလည်း သူသေချာပေါက် မှတ်မိသည်။ ကျောင်းသား ထောင်ချီကို မျက်စိဒေါက်ထောက် ကြည့်ဖို့ မလွယ်ကူပေမဲ့ လီဂျဲနိုက မလွယ်ကူတဲ့ အလုပ်တွေနဲ့ ကျင့်သားရပြီး ဖြစ်သည်။
တိုက်ဆိုင်မှု ဖြစ်နိုင်သလို မဟုတ်တာလည်း ဖြစ်နိုင်တယ်။
တစ်ကျောင်းလုံး ရှေ့တွင် ဖက်ငိုနေကြသော အနှီစုံတွဲမှ ယောက်ျားလေး ဖြစ်သူသည် လွန်ခဲ့တဲ့ မိနစ်ပိုင်းကမှ အောက်ထပ်တွင် ရှိနေခဲ့သည်။ သူက ပင်မခန်းမ အောက်ထပ်ရှိ ခုံတန်းရှည်ပေါ် ထိုင်ကာ ကိစ္စတစ်ခုလုံးက သူနဲ့မဆိုင်သလို ဒူးနန့်လျှက် ဂိမ်းဆော့နေခဲ့သည်။ လျူယန်ယန်ဟု ခေါ်သော တစ်ယောက်က စက်ဘီးတစ်စီးဖြင့် ရောက်ချလာပြီး တစ်စုံတစ်ခု ပေးပြီးကာမှ ထိုကျောင်းသားက စိတ်ခံစားချက် ပြင်းထန်စွာဖြင့် ခေါင်မိုးထပ်သို့ ပြေးတက်သွားခြင်း ဖြစ်သည်။ သို့သော် လက်ဆုပ်လက်ကိုင် သက်သေပြစရာ မရှိသလို တစ်ခုခု မှားနေခြင်းလည်း မရှိ။ ဂျဲနိုကိုယ်တိုင်ပင် ဂျဲယ်မင်၏ သတိပေးချက်ကြောင့် မဟုတ်ပါက ထိုကိစ္စကို သံသဃ ဝင်စရာဟု မထင်မိလောက်ပေ။
ရဲဝန်ထမ်းများနှင့် ဆရာများ ရောက်လာပြီး လူစုကွဲသွား သောအခါ လျူယန်ယန်က စက်ဘီးဖြင့် ထွက်သွားပြီး ဖြစ်သည်။ နီယွန် ကောလိပ်၏ အကျယ်အဝန်း အရဆိုလျှင် စက်ဘီး အသုံးပြုခြင်းက သူအတော် အလျှင်လိုနေ၍ ဖြစ်မည်။
လီဂျဲနိုက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး သူ၏ မျက်ခုံး နှစ်ဖက်ကို တွန့်ချိုးလိုက်သည်။ ကျောင်း၏ ပထမဆုံး ရက်တွင်ပင် သူ့အတွက် အလုပ်ရှုပ်စရာ ကိစ္စများ ရှိလာမည်ဟု မထင်ထားခဲ့ပေ။
ထို အဖြစ်အပျက်အတွင်း နာဂျဲယ်မင်မှာတော့ အိပ်ပျော်သွားလေပြီ။
"ဂျဲယ်မင် ငါနေ့ခင်း အတန်းပျက်မယ်"
ရုတ်တရက်ကြီးလား?။
YOU ARE READING
Lure of the Night || Norenmin ||
FanficNorenmin Myanmar fanfiction -Renjun -Jeno -Jaemin Started: 2024 may 27