အပိုင်း1

9 0 0
                                    

တီ တီ..

အိမ်ရှေ့တွင် ကားတစ်စီးရောက်လာသည်
ထိုကားမှာ သို့သွားမည့်ကားပင်ဖြစ်သည်

"သမီးအိမ်ရှေ့မာကားရောက်နေပီ"
ပိုး၏မိခင် ဒေါ်လင်းကသမီးကိုလှမ်းခေါ်လိုက်သည်

"လာပီအမေ လာပီ"
ဟုဆိုကာ ပိုးအခန်းထဲမှ အဝတ်အစားအိတ်များကိုသယ်၍ထွက်လာသည်.
အဝတ်အစားအိတ်များကိုကားနောက်ဖုံးသို့ထည့်ကာမိခင်ဖြစ်သူ ဒေါ်လင်းလင်းဉီးနှင့်မောင်းလေးထက်ယံကိုတာ့တာ့ ပြကာကားပေါ်တတ်ထိုင်လိုက်သည်

"မမတာ့တာ့ "
ပိုး၏မောင်လေးထက်ယံကပြုံးပြကာနှုတ်ဆက်သည်

မိခင်ဖြစ်သူဒေါ်လင်းမာလဲပြုံးပြုံးလေးကြည့်ကာနှုတ်ဆက်နေလေသည်

"အဆင်ပြေပီမလား မောင်းတော့မယ်နော်"
ကားဆရာဉီးလေးကြီးကပြောပြီးကားကိုမောင်းကာထွက်သွားလေသည်

ကားမှန်မှမြင်နေရတဲ့အမေနဲ့မောင်ကိုကြည့်ကာ ပိုးရင်ထဲတွင်ဟာတာတာဖြစ်လာသည်
သည်လောက်အဝေးရီးတစ်ခါမှမခွဲဖူးပေ။

ပိုးတို့မြို့မှာတက္ကသိုလ်မရှိပေ သည်မြို့လေးမှာ အထက်တန်းအောင်သည်နှင့်မြို့ပြမှာကျောင်းသွားတတ်ရသည်
ပိုးအခုလဲ 10တန်းကိုဂုဏ်ထူသုံးခုနှင့်အောင်ထား၍မြို့ပြမှာကျောင်းသွားတတ်ခြင်းဖြစ်သည် စီးပွားရေးမေဂျာယူ၍day တတ်ရန်စီစဉ်ထားသည် အားတဲ့အချိန် အချိန်ပိုင်းအလုပ်လုပ်ရန်လဲတွေးနေသည်
ပိုးနာမည်အရင်းက ပိုးဟန်နာလင်း အသားဖြူဖြူနှင့်ပိုးမျက်နှာလေးက အကြည်ဓာတ်လေးတော်ရုံပြုံးလေ့ပြုံးထမရှိပေ ဆံပင်လေးကရေလှိုင်းတွန့်လေးနဲ့ကျောလယ်လောက်ရှိသည် ပိုးကအလွန်စကားနည်းသည် ပိုးမိဘတွေကပိုးကိုးတန်းနှစ်မှာပဲကွာရှင်းခဲ့ကြသည်း ပိုးဖခင်မှာနောက်မိန်းမနှင့်ကလေးငယ်လေးပင်ရှိသေးသည်ကြားသည်ပိုးတို့မောင်နှစ်မနှစ်ယောက်ကိုပိုးမိခင်တစ်ယောက်ထဲလုပ်ကျွေးနေရသည် ပိုးမောင်လေးကပိုးထက်သုံးနှစ်ငယ်သည်

လာတဲ့လမ်းတစ်လျှောက်မာလဲမိုးဖွဲဖွဲလေးတွေကကျနေ၍ ပိုးသီချငိးလေးကိုနားကြပ်တပ်ကာနာထောင်ရင်း လိုက်ပါလာခဲ့သည်

You've reached the end of published parts.

⏰ Last updated: May 28 ⏰

Add this story to your Library to get notified about new parts!

စတွေ့သည်မှသက်ဆုံးတိုင်Where stories live. Discover now