" ကို့ကိုလက်ထပ်ပါခလေး "
" ဗျာ!! "
Harutoဆီကမထင်မှတ်ထားတဲ့စကားကြောင့် Jeongwoo တစ်ယောက်ကြောင်အမ်းသွားတော့တယ်
" ကိုမင်းကိုအရာအားလုံးထက်ကိုပိုပြီးချစ်ပေးမှာမို့ လက်ခံပါခလေးရာ "
" ငါ...ငါစဉ်းစားပါရစေအုံး "
" သုံးရက်ထက်ပိုပြီးမကြာစေနဲ့၊ကိုမင်း ကိုသုံးရက်အချိန်ပေးမယ်အကယ်၍အဲ့ထက်ကြာသွားခဲ့မယ်ဆိုရင်တော့ကို မင်းအိမ်ကိုလာပြီးမင်းမိဘတွေဆီကနေ မင်းကိုလာတောင်းမယ် "
" Ha..Haruto!! "
" ဘယ်လိုလဲကိုကတော့သိပ်စောင့်နိုင်မှာမဟုတ်ဘူးနော်၊ ပြီးတော့မင်းဘက်မှာလဲရွေးချယ်စရာမရှိဘူး "
" ငါ..ငါစဉ်းစားပေးပါမယ် "
" ဟုတ်ပြီအချစ် ကိုယ်စောင့်နေပါ့မယ်ပြီးတော့ မင်းရဲ့အဖြေက ကိုမျှော်လင့်ထားတဲ့အဖြေမျိုးပဲဖြစ်ရမယ် အဲ့လိုမဟုတ်ခဲ့ဘူးဆိုရင်တော့ ကိုပြောခဲ့သလိုပဲမင်းအိမ်လာခဲ့မယ် "
" တော်..တော်ပါတော့အိမ်လာမယ့်အကြောင်းတွေထပ်မပြောပါနဲ့တော့ ငါ့အဖြေကမင်းလိုချင်တဲ့အဖြေဖြစ်ရင်ပြီးရောမလား၊ ငါဘာအဖြေပဲပေးပေးမင်းငါ့အိမ်လာမှာပဲမလား ဒါနဲ့များဘာလို့စဉ်းစားချိန်တွေပေးနေသေးလဲ "
ငိုသံပါကြီးနဲ့ပြောနေတဲ့Jeongwooကြောင့် Harutoဟက်ဟက်ပက်ပက်ရယ်မောမိလိုက်သည်၊ Jeongwooက Harutoရယ်နေတာလဲမြင်ရောမျက်နှာတစ်ခုလုံးခရမ်းချည်သီးလိုနီရဲလာကာ စိတ်ဆိုးဆိုးနဲ့ရန်တွေ့တော့သည်
" ဘာရီတာလဲသေချင်နေပြီလား!! "
" မဟုတ်ရပါဘူးကွာ.. "
Harutoရဲ့စကားမှာရီသံစွက်နေတာကြောင့်Jeongwooပိုလို့ပင်စိတ်တိုသွားကာ ထပြန်ရန်လုပ်လေသည်
" စိတ်မဆိုးပါနဲ့ခလေးလေးရာ ကိုကစတာပါ... "
ပြန်ဖို့လုပ်နေတဲ့ Jeongwooလက်ကိုHarutoက ပြုံးစိစိနဲ့လှမ်းဆွဲလိုက်ပြီးပြန်ထိုင်ခိုင်းလိုက်တယ်၊ Jeongwooကတော့နှုတ်ခမ်းကိုတစ်တောင်လောက်ဆူထွက်ကာ စွေ့ခနဲထိုင်ချလိုက်သည်
"......."
" ခလေးရုပ်လေးကလည်းကွာ...စိတ်ဆိုးနေရင်လည်းနှုတ်ခမ်းကြီးကိုအဲ့လိုကြီးထော်မထားနဲ့လေ "
Jeongwooစိတ်ဆိုးနေတာမို့ဘာစကားမှမပြောပဲနေ နေလိုက်တယ်၊ထိုအချိန် Harutoက Jeongwooအနားကိုတဖြည်းဖြည်းတိုးကပ်သွားပြီး
"........"
" ကို့ကိုဘာစကားမှမပြောပဲဆူပုတ် နေတဲ့အဲ့နှုတ်ခမ်းလေးကိုနမ်းမိလိမ့်မယ်နော် "
Jeongwooတစ်ယောက်လန့်ဖြန့်သွားပြီးHarutoရဲ့မျက်နှာ သူ့အနားနီးကပ်လာနေသည်ကိုရှောင်ရင်းအနောက်ကိုဖြည်းဖြည်းချင်းဆုတ်နေမိသည်။ Jeongwooအနောက်ဆုတ်ရင်းသူခုံပေါ်ကနေပြုတ်ကျခါနီးအချိန်မှာ
" အ့ "
Harutoက Jeongwooရဲ့ခါးကိုခပ်တင်းတင်းဖက်တွယ်ထားလိုက်ပြီး ခန္ဓာကိုယ်နှစ်ခုကိုနီးကပ်စေပြီးနောက်Jeongwooနှုတ်ခမ်း ဆီတဖြည်းဖြည်းချည်းကပ်လာတဲ့Harutoနှုတ်ခမ်း
" မင်း... အွန့် ပြွတ်စ်! "
ထို့နောက်ထပ်တူကျသွားသောနှုတ်ခမ်းများ Jeongwooရုန်းနေပေမယ့်အရာမထင် ဘာလို့ဆို သူရုန်းလေHarutoကသူ့ကိုပိုတိုးပြီးဖက်လေဖြစ်သည်
___________________
ရေးနေရင်းရှက်လာလို့🤭
အပိုင်းလေနည်းနည်းတိုသွားတယ်နော်💜