မိုးပြေးဒိုင်ယာရီ

392 39 2
                                    

မိုးပြေးဒိုင်ယာရီ

BL Short Story

OwnCreation..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၁၀ ခုနှစ်
ဧပရယ်မှာရွာတဲ့ မိုးပြေးလေး..
ခတ္တခဏရွာပြီး..စဲသွားတဲ့မိုးပြေးလေး..

အော်မိုးပြေး..မိုးပြေး..ဘယ်ဆီဘယ်ဝယ်ရောက်လို့နေမလဲ..

လေနှင်ရာအတိုင်းပျောက်ကွယ်သွားခဲ့တာလားကွာ..

ဒီလူအသည်းထဲ ခဏတာ ဝင်ရောက်ရွာသွန်းခဲ့လေသလား..မိုးပြေးလေးရယ်..

====

နံနက်ခင်း ၇နာရီ..

မနက်ခင်းရောင်ခြည်ပင် မမြင်ရလောက်အောင် ရာသီဥတုက အုံ့မှိုင်းနေခဲ့သည်။

နှပ်ကော်ဖီလေးတစ်ခွက်၊ စာအုပ်လေးတစ်အုပ်ဖတ်ပြီး နေလို့ကောင်းမဲ့ရာသီဥတုလေးပေါ့။

ဒီနေ့က စနေနေ့ဖြစ်နေတဲ့အတွက် ကွက်တိကျနေသည်။ အိပ်ယာကထ၊ တစ်ကိုယ်ရည်သန့်ရှင်း‌ရေးလုပ်ကာ နှပ်ကော်ဖီလေးသောက်ဖို့ သုံးမိနစ် ရေနွေးအိုးလေးထဲရေဖြည့်ကာ တည်ထားလိုက်သည်။

ပြတင်းပေါက်တံခါးဖွင့်ကာ လေရှူလိုက်မိတော့ မိုးရနံ့သင်းသင်းလေးကို ရှူရှိုက်မိသည်။ ‌ဘာလိုလိုနဲ့ နောက်အပတ်ကျရင် သကြန်တောင်ရောက်တော့မှာပဲ။

ပိတောက်ပန်းတွေပွင့်ဖို့ မိုးပြေးလေးရွာအုံးမယ်ထင်ရဲ့။ မိုးပြေးဆိုသည့်အတိုင်း မိုးဖွဲလေးအဖြစ်ရွာပြီး ပျောက်ကွယ်သွားအုံးမှာပါပဲ...

ရေနွေးရပြီဖြစ်တဲ့အတွက် နှပ်ကော်ဖီလေးကို နှပ်ထားလိုက်သည်။ ကော်ဖီသောက်ရင်းဖတ်ဖို့ စာအုပ်လေးကို ရွေးဖို့စာအုပ်စင်ရှိရာထွက်ခဲ့လိုက်သည်။

အမှတ်မထင် တစ်ယောက်သောသူပေးခဲ့တဲ့ အပြာရောင်စာအုပ်လေးကိုမြင်လိုက်တဲ့အခါမှာ..တင်နေတဲ့ဖုန်လေးတွေကိုခါရင်း..

"မင်းရဲ့ပိုင်ရှင်ကတော့ မင်းကိုပြန်မယူတော့ဘူးထင်တယ်..

မင်းလည်းငါ့လိုပဲ အမေ့ခံရတာပါပဲ..ဘဝတူတွေပါကွာ"

ဖတ်ချင်တဲ့စာအုပ်လေးကိုယူပြီး...အသင့်ဖြစ်နေပြီဖြစ်တဲ့နှပ်ကော်ဖီလေးကို ယူကာ လသာဆောင်ဘက်ကို ထွက်ခဲ့လိုက်သည်။

မိုးပြေးဒိုင်ယာရီ(One Short)Where stories live. Discover now