<Unicode>
"ဟဲ့...ဇေယျာမောင်နင်အခုထိမထသေးဘူးလား!
နေဖင်ထိုးနေပြီဟဲ...ကျောင်းနောက်ကျတော့မယ်အခုထတော့"မာတာမိခင်ကြီးရဲ့ချစ်စရာအသံကြီးကြောင့်ဇေယျာမှာမထချင်ထချင်နဲ့ငုတ်တုတ်ထထိုင်လိုက်ရကာမဖွင့်ချင်သေးတဲ့မျက်လုံးကြောင့်ငုတ်တုတ်ထိုင်ပြီးငိုက်နေလိုက်သည်။
ပြတင်းပေါက်ခန်းစီးလိုက်ကာတွေလိုက်ဆွဲတင်လို့ပြီးတော့ငုတ်တုတ်ထိုင်ငိုက်နေတဲ့သားတော်မောင်ကြောင့်သဇင်နွယ်မှာမနိုင်စွာခေါင်းခါလိုက်ကာထပ်မံအော်နှိုးလိုက်သည်။
"ဟဲ့...ဇေယျာမောင်နင့်အမေနှိုးနေတာအကောင်းမှတ်နေလား!...ကျောင်းသွားရအုံးမယ်ထတော့ဆို...ကျောင်းနောက်ကျမှရှပ်ပြာရှပ်ပြာနဲ့ပြင်ဆင်နေရမယ်အခုထကျောင်းပြေးဖို့မစဉ်းစားနဲ့"
"ထပြီးအမေ...သားထပြီပစ္စည်းတွေစုံပြီးလား?"
"ဟဲ့...ဘာပစ္စည်းတွေစုံရမှာတုံး"
"ဒီဇယ်တို့ဓာတ်ဆီတို့လေ.."
"အဲ့ဒါတွေကဘာလုပ်ဖို့တုန်း?"
"ကျောင်းမီးသွားရှို့ဖို့လေ.."
"တယ်...ဒီကောင်လေးပေါက်ပန်းလေးဆယ်တွေပြောပြီးထစရာရှိထစမ်းပါ"
ပေါက်ကရအပြောကောင်းလွန်းလို့မာတာမိခင်ကြီးဆီကထိတ်ခေါက်ခံလိုက်ရကာအိပ်ရာပေါ်ကဆွဲးချခံလိုက်ရတာတောင်မမှတ်ပဲပြုံးဖြဲဖြဲလုပ်ကာရှပ်ပြာရှပ်ပြာနဲ့ရေချိုးခန်းဦးတည်ပြေးသွားတဲ့သားတော်မောင်ကြောင့်သဇင်နွယ်သက်ပြင်းခေါင်းခါလိုက်သည်။
"အာ့... shitငါ့ခေါင်းကွဲးပြီ"
"ဖြစ်ပြီမလားအားနေစပ်ပြာစပ်ပြာနဲ့..."
"ဟွန်း...အမေကလည်းသားကိုဆိုပြောဖို့ချည်းပဲချောင်းနေတယ်"
ဇေယျာမောင်ရေချိုးခန်းတံခါးနဲ့မိတ်ဆက်သွားတဲ့ကိုယ့်နှဖူးကိုကိုင်ကာအမေ့ကိုမကျေနပ်စွာမျက်စောင်းထိုးပြေားပြီးရေချိုးခန်းထဲဝင်လာခဲ့လိုက်ကာရေမိုးချိုးကာအဝတ်အစားလဲလိုက်သည်။
အပေါ်ကအဖြူရောင်ရှပ်စ်လက်ရှည်ကိုအနက်ရောင်အကွပ်စိပ့်ပုဆိုးနဲ့ပုံကျစွာဝတ်ဆင်လိုက်ကာမှန်ထဲကမိမိကိုယ်ကိုကြည့်ကာကျေနပ်စွာခေါင်းညိမ့်လိုက်ကာကိုယ့်ရုပ်ရည်ကိုကိုယ့်ဘာသာအမှတ်ပြည့်ပေးလိုက်သည်။