Part - 5

758 58 12
                                    

>> Unicode <<
~~~~~~~~~~~~

အခန်းခွဲအိပ်တာကြောင့် သံသာလင်းရိပ် နိုးထလာသည့်မနက်ခင်းမှာ ဩဂတ်စ်ကိုမတွေ့ရပေ။ အောက်ထပ်ကိုဆင်းလာမှ ဩဂတ်စ်နှင့် ဒေါ်ဇီဇဝါတို့သားမိနှစ်ယောက်တည်း မနက်စာစားနေကြ၏။ သူတို့က လှည့်ပင်မကြည့်ကြသော်လည်း လင်းရိပ်ကတော့ အလိုက်တသိပဲစတင်နှုတ်ဆက်လိုက်သည်။

" Morningg အန်တီ "

" ခဏ လင်းရိပ်.. မထိုင်နဲ့ဦး "

ဒေါ်‌ဇီဇဝါကတားတော့ ထိုင်ဖို့ဟန်ပြင်နေသည့်လင်းရိပ်လည်း တန့်သွားသည်။ သူ(မ)က အနောက်ခန်းမှာရှိနေသည့် အိမ်အကူကောင်မလေးတစ်ယောက်ကို အရင်လှမ်းခေါ်သည်။ ခင်မာဆိုသည့်ကောင်‌မလေး အနားကိုရောက်လာမှ ဒေါ်ဇီဇဝါက...

" လင်းရိပ် သူနဲ့လိုက်သွားပြီး အဝတ်ဘယ်လိုလျှော်လဲဆိုတာကြည့်လိုက်နော်၊ နောက်မှ မနက်စာအေးဆေးစားတော့သားရယ် ၊ ဒီကောင်မလေးက အခုပဲပြန်တော့မှာမို့ "

" ဪ.. "

လင်းရိပ်‌ပြောနိုင်သမျှက ထိုမျှသာ။ ကော်ဖီသောက်ရင်း ဖုန်းသုံးနေတဲ့ ဩဂတ်စ်ဧဿန်မှာ တစ်ချက်လေးတောင်လှည့်မကြည့်။ ရပ်စောင့်နေတဲ့ကောင်မလေးအနောက်မှ လင်းရိပ်လည်း လိုက်ထွက်လာ၏။ မီးဖိုချောင်နှင့်တွဲလျက်ရှိသည့်ရေချိုးခန်းထဲမှ အဝတ်လျှော်စက်အနားကိုရောက်လာသည်။

" ဒါတွေက ဆပ်ပြာတွေပါအကိုလေး၊ ဆပ်ပြာမှုန့်ကလေ အဝတ်စားတွေအကုန်လုံးရောလျှော်လို့တော့မရဘူး၊ မမကြီးက တခြားဆပ်ပြာ‌အနံ့တွေမကြိုက်လို့ မမကြီးရဲ့အဝတ်စားတွေကို ဒီအပြာရောင်ဘူးလေးထဲကသုံးရမယ် "

ဆပ်ပြာ‌တွေကို ရောင်စုံဘူးတွေနှင့်ခွဲထားသေး။ စိတ်မဝင်စားသော်လည်း ခင်မာပြောသမျှကိုတော့ လင်းရိပ်နားထောင်ရင်း ခေါင်းကတညိတ်ညိတ်။

" ဦးလေးနဲ့အကိုတိုင်းမြတ်ရဲ့အဝတ်တွေကိုတော့ ဒီဘူးထဲကသုံးလို့ရတယ် "

ဆိုကာ အဖုံးအစိမ်းရောင်နှင့်ဆပ်ပြာဘူးကိုပြသည်။ နောက်ထက် အဖြူရောင်ဘူးကိုပါ လက်ညှိုးထိုးပြပြီး..

" အဲ့ဒါက အကိုဩဂတ်စ်ရဲ့အဝတ်တွေလျှော်တာ ပြီးတော့ မမကြီးက သူ့ပုဝါတွေကို စက်နဲ့လျှော်တာမကြိုက်ဘူးသိလား၊ လက်နဲ့ပဲ ဖွဖွလေးလျှော်ရတယ်၊ ပုဝါတွေပျက်စီးမှာစိုးလို့ "

𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭Where stories live. Discover now