Zawgyi
Clubထဲဝင်လာတာနဲ့ ဆူညံနေတဲ့သီချင်းတွေကိုကြားရသလို လူအုပ်ကြီးရဲ့ကခုန်နေတဲ့ပုံရိပ်တွေကိုလဲမြင်ရသည်
အကုန်လုံးကိုချုံ့ကြည့်ရင် Lisaနှင့်အသက်တူသည့်လူတွေအများကြီးဆိုပေမဲ့ Lisaတစ်ယောက်ထဲ suitကြီးကိုဝတ်ထားတာဆိုတော့ အသက်ပိုကြီးသွားသလိုပင်
ဒါတွေကအရေးမကြီးပါ Jenကိုရှာရမည် Roséကတော့ ကားထဲကစောင့်မယ်ဆိုပြီး Lisaနောက်ကိုလိုက်မလာခဲ့။ အင်း Lisa တစ်ယောက်တည်းရှာရမှာ
ကြည့်ရသလောက်တော့ clubကြီးကအကျယ်ကြီးပါပဲ Lisaဟာလဲ ဒီနေရာအကြောင်း ဘာမှမသိတာမလို့ Rubyကိုရှာဖို့ဆိုတာလဲမလွယ်ပါ ဒါပေမဲ့စိတ်ကူးထဲအကြံဉာဏ်ပေါက်ကာ သူ့အရှေ့က ခွက်များကိုပြောင်စင်အောင်သုတ်နေသည့် bar ရဲ့ waiter နဲ့စကားစပြောရမည် လူကလဲ Barမှာသိပ်ရှုပ်သေးတာမဟုတ်တော့ သူလဲအလုပ်များမှာမဟုတ်။
"Excuse me sir"
Lisaခေါ်လိုက်တော့ ထို waiterဟာ လှည့်ကြည့်လာသည်
"Yeah man, you need anything?"
"ပုံမှန်ဆို ဒီမှာလူတွေဒီလိုရှုပ်နေကြလား"
Waiterဟာ ချက်ခြင်းစကားမပြန်သေးပဲ clubကို မျက်စိကစားကြည့်လိုက်သည်
"အသစ်ဖွင့်စနေရာဆိုတော့ လူများတာပေါ့ ဒါပေမဲ့ဒီနေ့ပိုများတယ်ပြောရမယ်"
"ဟင်?"
Waiterဟာ သူသုတ်နေတဲ့ဖန်ခွက်ကို ခဏချထားကာ Lisaရဲ့ဘက်ကို နည်းနည်းယိမ်းလာသည် ကြည့်ရတာစကားတစ်ခွန်းကို တိုးတိုးပြောချင်နေတာဖြစ်မည်
"Mr.Jane ရဲ့သမီးဆိုတဲ့လူပြန်လာတယ်ပြောကြလို့လေ"
Lisaချက်ခြင်းသဘောပေါက်သွားတော့၏၊ clubတစ်ခုမှာ ညနေစောင်းကြီးလူအများကြီးစီနေတာ ပုံမှန်မဟုတ်ဘူးမလား။ အမှန်တကယ်ကတော့ Rubyကြောင့်ပဲ။
"Well, ငါကတော့သူ့အကြောင်းအခုထိမသိသေးဘူး Hawaiiကိုစရောက်တုန်းက သူက အာရှသားနဲ့ယူသွားတယ်ဆိုပြီး တစ်ကျွန်းလုံးဆူညံနေတာပဲ"
"မင်းက... ဒီကမဟုတ်ဘူး?"
"Yeah, Canadian ပါ ဒီကိုရောက်တာ1လပဲရှိသေးတယ်"
YOU ARE READING
Loco
Fanfictionကိုယ်ရူးသွပ်နေတာ မင်းကြောင့်ပဲလေ ဟာဝိုင်ရန်လေးရဲ့ [Jenlisa] [Chaesoo]