Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၃၀) --------
"န.ယော.သံ!! မင်းကဘယ်သူ့အားကိုးရှိနေလို့
ဒီလောက်အထိ အတင့်ရဲနေရတာလဲ!!! "Rainက နယော၏လက်မောင်းနှစ်ဖက်မှ
ဆုပ်ကိုင်ကာ ဒေါသထွက်စွာပင်ဆိုလာသည်။
အားကိုမထိန်းချုပ်ထားတာကြောင့်
နယောကနာကျင်သွားရပေမဲ့လည်း
မျက်နှာလေးမဲ့သွားတာကလွဲ
ခေါင်းမာစွာပင် နာကျင်ကြောင်းကိုမပြ။
ငိုနေပေမဲ့၊ အသနားခံခြင်းလည်းမရှိခဲ့ပေ။နယော၏ ထိုသို့ပေကပ်ကပ်ပုံစံက
Rainကိုပိုလို့ပင် ဒေါသထွက်စေ၏။"မင်းအကောင်နဲ့ တစ်ညလောက်လေး
ပျောက်သွားလိုက်တာနဲ့ပဲ
မင်းက ဒီလိုတွေတောင် ရိုင်းရိုင်းစိုင်းစိုင်း
ပြုမူတတ်နေပြီပေါ့လေ နယောသံ!! "Rainစကားကြောင့် နယောက
မျက်ခုံးလေးတစ်ချက်တွန့်သွားသည်။" ဟမ့်! ခုတော့ ပါးရိုက်တယ် ...နောက်ဆိုရင်
မင်းငါ့ကို ဓားနဲ့တောင်ထိုးတော့မလားပဲ... "ပူထူသွားတဲ့ပါးတစ်ဖက်ထက်ကို
သူ့ရင်ထဲက ပိုပူလောင်နေတယ်လို့
Rainထင််လိုက်မိသည်။
သူ့မှာတော့ မျှော်လင့်တကြီးနဲ့
ရောက်လာခဲ့ရတာဖြစ်၏။
သို့ပေမဲ့၊ အိမ်သို့ရောက်ရောက်ချင်းမှာ
သိလိုက်ရသည့်အဖြစ်က
သူ့ရင်ဝကို စုံဆောင့်ကန်တော့သည်။"ကိုကို နယောကိုမစွပ်စွဲနဲ့!!!! "
နယောက စီးကျနေသည့်မျက်ရည်တွေကိုပင်
မသုတ်ပစ်နိုင်ဘဲ Rainကိုကြည့်လို့
နာနာကျည်းကျည်း အော်ဟစ်လာသည်။"ကိုကို့စိတ်နဲ့နယောကိုလာမနှိုင်းပါနဲ့!
နယော ကိုယ့်လိပ်ပြာကိုယ်လုံတယ်
တကယ်တမ်း မလုံနေတာက
ကိုကို ကိုယ်တိုင်ပဲမဟုတ်ဘူးလား~
ကိုကိုသာ...ကိုကိုသာ မမသွေးနဲ့
နယောကွယ်ရာမှာ ဖြစ်ချင်တိုင်းဖြစ်နေတာ"နာကျင်ရလွန်းလို့ ..
ဖြစ်နိုင်မယ်ဆိုရင် နယောပါးစပ်ကနေ
ထိုစကားတွေအား ပြောမထွက်ချင်ခဲ့ပါ။တကယ်လည်း ပြောပြီးနောက်မှာတင်
နယောကရင်ထဲက ဝမ်းနည်းကာ
နာကျင်လာတော့သည်။