🎼 မြူးကြွတဲ့တေးသံပြန့်လွှင့်လို့နေ ကူးပြောင်းစ တစ်ခူးလေမှာ
တစ်ယောက်တစ်လည့်မို့ လှမ်းကာဖြန်းပတ်ကြစဥ်
ပိတောက်ဖူးလေးတွေပန်ဆင်ထားသူရေ🎼မနက်အိပ်ယာနိုးကထဲက ဟိုတယ်မှာဒီသီချင်းကြားနေရတာ ခဏခဏပါပဲ။ ဟိုတယ်ဝန်ထမ်းများအတွက်မိသားစုသင်္ကြန်မဏ္ဍက်လဲရှိလေတော့ ထိုအမျိုးသမီးမျက်နှာမှာသူ၏ဝန်ထမ်းများကိုကြည့်ကာပြုံးနေတာကိုလဲသတိထားမိသည်။
"ရေသွားမဆော့ဘူးလား ခလေးမ"
"ကျွန်မက သင်္ကြန်ဆိုတရားစခန်းသွားနေကျလေ မေမေတို့နဲ့ ရေမဆော့ဖြစ်တာကြာပြီ"
"အော်"
ထိုတစ်လုံးသာဆိုပြီး ထိုအမျိုးသမီးက သူ့ဘေးထိုင်နေရာမှ ထသွားလေသည်။ သူလဲထိုအမျိုးသမီးကိုလိုက်မကြည့်တော့ပါပဲ ဟိုတယ်ပတ်ဝန်းကျင်ကိုလိုက်ကြည့်နေခဲ့မိသည်။ တဖြေးဖြေးရေကူးကန်အနားသို့ရောက်လာလေသည်။ မဏ္ဍက်နှင့်တော့ နည်းနည်းအလှမ်းဝေး၏။
"အမလေး မြတ်စွာဘုရား"
အခုပဲရေချိုးပြီးတာကို ပုခုံးမှနေ ရေအေးအေးနှင့်လောင်းချခံလိုက်ရသည့်ခံစားချက်ကြောင့် စမ်းရည်ဘုရားတလိုက်ရသည်။ လက်သည်တရားခံကတော့ ဘယ်သူမှမဟုတ်ထိုအမျိုးသမီးပါပဲ။ သူ့အားပြုံးတီတီမျက်နှာထားနှင့် ရေဖလားကိုင်ကာကြည့်ပြီးသူ၏ပါးချိုင့်များကိုသေချာရှင်းရှင်းလင်းလင်းမြင်နေရသည်အထိကိုရယ်မောနေတာလေ။
"ရှင် ရှင်ဟာလေ နေအုန်းတွေ့မယ်"
စမ်းရည်သည်လဲ ချက်ချင်းဆိုသလို စိတ်မြန်လက်မြန်နှင့်အနားက ရေကူးကန်ထဲသို့တွန်းချလေရာ ထိုအမျိုးသမီးက အံသြမှုနှင့်အတူ သူ့အားလက်မှကိုင်ဆွဲထားလေတော့ နှစ်ယောက်သားအတူတူရေကူးကန်ထဲသို့ကျသွားလေသည်။
"ဘာလို့ဆွဲလိုက်တာလဲ ကြည့်ဆံပင်တွေရေတွေစိုကုန်ပြီ ရှင်ဟာလေ အကျင့်ကိုမကောင်းဘူး"
"တို့ကို ရေကူးကန်ထဲတွန်းချတဲ့ ခလေးမကကောအကျင့်ကောင်းတယ်ပေါ့ဟုတ်လား ကဲပါ စိတ်တော်မငြိုးလိုက်ပါနဲ့ တစ်နှစ်မှာတစ်ခေါက်လောက်ဖြတ်သန်းရတဲ့ဒီလိုအခါကြီးရက်ကြီးမှာစိတ်ငြိုငြင်နေရရင်မကောင်းဘူးလေ နှစ်သစ်ကိုအဲ့ဒါတွေမပါသွားအောင်တို့က ဆေးကြောပေးတဲ့သဘောအနေနဲ့ရေလောင်းတာပါနော်"
YOU ARE READING
မူပိုင်ခွင့်ပုဒ်မ
Romanceတို့အတွက် ပုဒ်မဆိုတာ အခုချိန်ထိမရှိသေးဘူး ခလေးမ။ ဒါဆိုကျွန်မကိုယ်တိုင်ရှင့်အတွက်သီးသန့်ဖန်တီးပေးမယ်လေ။